Part 1

540 50 4
                                    

[Zawgyi]🍑🍑🍑🍑

ဆူညံသံတွေနဲ့အတူ သက်ဝင်လှုပ်ရှားနေတဲ့ ကျောင်းတော်ကြီး.

ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးကျောင်းတွေထဲက တစ်ခု.

ဒီကျောင်းတော်ကြီးကနေ စီးပွားရေးလုပ်ငန်းရှင်တွေ ထူးချွန်သူတွေကို အများအပြား မွေးထုတ်ပေးနိုင်ခဲ့သည်.

ဒီလို ဂုဏ်ကျက်သရေကြီးမားလှတဲ့ ကျောင်းတော်ကြီးရဲ့ကော်ရစ်တာလမ်းပေါ်မှာ ပေါ်ထွက်လာတဲ့ မျက္မှန်ဝိုင်းလေးနဲ့ လူငယ်လေး၁ယောက်.

ထိုလူငယ်ရဲ့လက္မှာတော့ Assignment paperလို စာရွက်စာတမ်းတွေအပြည့် ပွေ့ပိုက်ထားလေသည်.

အသားရေက နုဖတ်စိုပြေနေကာ အရွယ်မရောက်သေးတဲ့လူ၁ယောက်အလားထင်ရသည်.

ထိုမျှ ငယ်ရွယ်နေတဲ့လူငယ်လေးကို ဖြတ်သွားသမျှ ကျောင်းသား/သူတွေက အရိုသေပေးသွားတယ်ဆိုတာ မျက်စိနဲ့မမြင်ရရင် ယုံနိုင်ဖွယ်ရှိမယ်မထင်.

ထိုလူသားလေးက တရုတ်-ကိုရီးယားကပြားဖြစ်ပြီးတော့..အသက် ၂၄နှစ်ပဲရှိသေးတယ်ဆိုရင် အံ့ဩသွားကြမလား.

ဒါ့အပြင် ထူးချွန်တဲ့ကျောင်းသားတွေကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ဒီကျောင်းတော်ကြီးရဲ့ ဆရာ၁ယောက်လည်း ဖြစ်နေပြန်သည်.

ပြီးတော့ သူ့ရဲ့ ချစ်မြတ်နိုးရတဲ့ ဆရာငယ်လေး.

လင်ဟွမ် သူ့လက်ထဲက စီးကရက်ကို အောက်ပစ်ချကာ ​ခြေထောက်နဲ့ ဖိငြိမ်းလိုက်ရင်း သူ့ချစ်ရသူလေးကို လက်လှမ်းပြလိုက်သည်.

သူ့ကိုမြင်တော့ အံ့ဩသွားကာ ပါးစပ်လေးဟသွားတဲ့ပုံစံလေးက အရမ်းချစ်ဖို့ကောင်းသည်.

လင်ဟွမ် သူ့ဘဝပေးကံကြမ္မာက အရမ်းကံကောင်းတယ်လို့ တွေးမိတယ်.

အထူးသဖြင့် သူ့ချစ်ရသူလေးကြောင့်ပေါ့. ဖရိုဖရဲဖြစ်နေတဲ့ သူ့ဘဝလေးကို သတ္တိရှိရှိ သူ့ရင်ခွင်ထဲ ဝင်လာပေးခဲ့တဲ့ သူ့ချစ်သူလေးကြောင့် ဝိုင်းပတ်နေတဲ့ ရာဟုဂြိုလ်လည်း ထွက်ပြေးသွားခဲ့ရပြီ.

သူ့ချစ်သူလေးရဲ့ဘဝ သာယာဖို့ သူ အတတ်နိုင်ဆုံးကြိုးစားပေးခဲ့တယ်.

Don't Look BackWhere stories live. Discover now