အဲ့အချိန်မှာကျွင်းဟန်လင်းနားလည်လိုက်တာကရှီရှန်းသူ့ကိုလှောင်ပြောင်ခဲ့တာတွေကရှန့်အိမ်တော်ကိုပျက်ဆီးစေချင်လို့ဆိုတာကိုသိသွားတယ်

ရှီရှန်းက သူ့ဆီကိုကြည့်လာတယ် သူမရဲ့အကြည့်တွေကအရင်လိုတည်ငြိမ်နေတုန်းပဲ

ဘာလို့လဲတော့မသိပေမဲ့ကျွင်းဟန်လင်းစိတ်ထဲမှာဒီမိန်းမကသူမျက်နှာဖုံးအုပ်ထားတာတောင်သူ့ကိုမှတ်မိနေသလိုခံစားရတယ်

ရှီရှန်းက အကြည့်တွေကိုရုတ်လိုက်တယ်''ဂိတ်ကိုရောက်ရင်မင်းတို့ကိုအဆိပ်ဖြေဆေးပေးလိမ့်မယ်,မလိုချင်ရင်ငြင်းလို့ရတယ်နော်, အကယ်၍အဲ့နေရာရောက်တဲ့ထိအသက်ရှင်နေသေးရင်တော့ယူပေါ့''

ရှီရှန်းက ခနရပ်ပြီးတော့ဆက်ပြောတယ်''အဆိပ်က စိတွစွမ်းအင်မသုံးမချင်းတော့ဘေးထွက်ဆိုးကျိုးမရှိဘူး..ရှင်တို့ကိုယ်ရှင်တို့ဒုက္ခရောက်စေမှာမဟုတ်ဘူးလို့တော့ကျွန်မထင်တာပဲ ,အားပေးနေမယ်နော်......."

သူတို့တွေကရှီရှန်းကိုမုန်းတီးနေပေမဲ့ဆဲဆိုတာကလွဲပီးကျန်တာလုပ်မရဘူးအဆိပ်ဖြေဆေးယူမှဖြစ်မယ့်အကျပ်အတည်းကိုရောက်နေကြပြီ
..........

ချင်လန်ယွဲ့က ဒီလိုကိစ္စမျိုးဖြစ်လာလိမ့်မယ်လို့မထင်ထားဘူး,သူမပြန်ကောင်းလာမယ့်အခွင့်အရေးကလက်တစ်ကမ်းအလိုကိုရောက်နေတဲ့အချိန်မှာရှန့်ယောင်ကွမ်းဖျက်ဆီးတာကိုခံလိုက်ရတယ်

အဲ့အချိန်မှာသူမရဲ့ရှန့်ယောင်ကွမ်းကိုမုန်းတီးမှုတွေကပိုပိုပြီးတော့နက်ရှိုင်းလာတယ်

သူမဘေးနားကိုဖြတ်လျှောက်လာတဲ့သူဆီအကြည့်တွေရောက်သွားတယ်အဲ့လူကမျက်နှာဖုံးစွပ်ထားပြီးတော့သူ့ရဲ့ခါးမှာချည်ထားတဲ့ကျောက်စိမ်းပြားကလှုပ်ရမ်းနေတယ်

"ကျွင်းဟန်လင်း! "ချင်လန်ယွဲ့က သူ့လက်မောင်းကိုဆွဲလိုက်တယ်''ရှင်ကဘယ်လိုလုပ်ပြီးတော့ဒီကိုရောက်နေရတာလဲ''

ကျွင်းဟန်လင်း ရဲ့ကျောက်စိမ်းပြားကိုသူမတစ်ခါမြင်ဖူးတယ်.
ချင်လန်ယွဲ့ကအဲ့ဒါကိုချက်ချင်းမှတ်မိတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now