ဒါ​ပေမယ့်အဲဒီအချိန်မှာ.......
နယ်မြေကိုးပါးခန်းမ ကသူတွေရောက်လာတယ်

'နယ်မြေကိုးပါးခန်းမကသူတွေရောက်လာတယ်,? သူတို့ကဘာလုပ်ဖို့လာတာလဲ'
ရှီရှန်းက လူတွေမျက်နှာချင်းဆိုင်နေတဲ့နေရာကိုကြည့်လိုက်တယ် သက်တော်စောင့်​ခေါင်း​ဆောင်ကဦးဆောင်လာနေတယ်ပုကျင်းယွင်အဲဒီမှာမပါလာတာကိုရှီရှန်းကသတိထားမိတော့အကြည့်ကိုလွှဲလိုက်တယ်
'သူနေပြန်မကောင်းသေးလို့မလာတာနေမှာပေါ့'

နယ်မြေကိုးပါးခန်းမကသူတွေကကြာပန်းရဲ့အနီးဆုံးနေရာမှာနေတယ်
'မကြိုက်ဖူးလား, လာတိုက်လေ,အင်အားကြီးတဲ့သူကအကောင်းဆုံးကိုပိုင်ဆိုင်မှာပဲ'

ရှီရှန်းက ဒီမပွင့်သေးတဲ့ပန်းကိုလူတွေစောင့်နေတာကိုမြင်ပြီးပျင်းလာတယ်သူမခြေထောက်တွေကိုလေထုထဲမှာတွဲလွဲခိုနေပြီးတော့ စောင့်နေတယ်'လူတွေအများကြီးစောင့်နေတာတောင်ဒီပန်းကမပွင့်နိုင်သေးဘူး'

ရှီရှန်းက ပွင့်ချပ်တွေကိုဆွဲခွာချင်စိတ်တွေပေါက်လာတယ်
(T/N,  admin doraလည်းအဲ့လိုပဲ မပွင့်သေးရင်ပန်းဖူးကိုသွားသွားဖြဲတာ😗# mia🙃)

ရှီရှန်းက အဲ့လိုလုပ်ရင်ကောင်းမလားမကောင်းလားစဥ်းစားနေချိန်အနောက်ကတစ်ယောက်ယောက်ဖြတ်သွားတာကိုခံစားမိလိုက်တယ် ရှီရှန်းကသူမခါးကိုတစ်ယောက်ယောက်လှမ်းတို့လိုက်သလိုခံစားလိုက်ရတာ​ကြောင့် ဓားကိုထုတ်ပြီးခုတ်ဖို့လုပ်တယ်ဒါပေမဲ့ဘယ်သူမှမရှိဘူး

ရှီရှန်းက ဓားကိုပြန်သိမ်းလိုက်တယ်
''ရောက်လာပြီဆိုမှ​တော့ဘာလို့ပုန်းနေမှာလဲ.....,ပုကျင်းယွင်''

ပုကျင်းယွင် "...."
''ဟမ့်...''
'ငါမှန်းမင်းသိတယ်ဆိုတာနဲ့ပျော်နေမယ်လို့မထင်နဲ့'

ရှီရှန်း ''.....''
'ဒီ​စောက်ရူးကောင်....'

ရှီရှန်းက သူ့ကိုလျစ်လျူရှုပြီးတော့ထိုင်နေတယ် သူမကသူ့ကိုလျစ်လျူရှုထားမှန်းလည်းသိရောသူမ​ဘေးကသစ်ကိုင်းပေါ်မှာလာထိုင်တယ် အဲ့တာတောင်ရှီရှန်းကလှည့်မကြည့်ဘူး

ပုကျင်းယွင်က မျက်နှာတွေနီလာတယ်တစ်ခုခုပြောဖို့လုပ်ပေမဲ့ဘာမှမပြောဘူး

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now