ဒါပေါ့ဒါက ဒဏ္ဍာရီလာခုနစ်ရောင်ခြယ်ကြာပန်းပဲ

'ဒီပွင့်ချပ်တစ်ခုစီက ဆန္ဒတစ်ခုကိုဖြည့်ဆည်းပေးနိုင်မလားဆိုတာကိုငါသိချင်တယ်'

ဒီပန်းကမပွင့်သေးပေမဲ့သူ့ရဲ့မြင့်မားတဲ့ဝိညာဥ်စွမ်းအားကိုလူတိုင်းခံစားမိနိုင်တယ်

ရှီရှန်းကရှန့်ယောင်ကွမ်းရဲ့မှတ်ညဏ်တွေထဲကဒီကြာပန်းကိုစဥ်းစားပေမယ့်ဘာမှမတွေ့တာကြောင့် ဇာတ်ကြောင်းကိုပြန်​တွေ့ကြည့်တော့မှကြာပန်းရဲ့နာမည်ကိုတွေ့တယ်

"သက်တန့်ကြာပွင့်''

ဒီဟာကအရောင်တွေအများကြီးပါတဲ့တစ်ခုတည်းသောကြာပန်းပဲ သူကပုံမှန်ကြာပန်းတွေထက်ကိုအဆပေါင်းများစွာတန်ဖိုးကြီးတယ် သူကနှစ်ပေါင်းတစ်ထောင်ကျော်တိုင်းတစ်ခါပွင့်ပြီးတော့နောက်ထပ်နှစ်တစ်ထောင်ကြာမှအသီးဖြစ်သွားမယ်

သူများတွေပြောကြတာကဒီအသီးကအသက်ပြန်ရှင်စေတဲ့အစွမ်းရှိတယ်
ပြီးတော့ပွင့်ချပ်တစ်ခုစီတိုင်းကဆန္ဒတစ်ခုကိုဖြည့်ဆည်းပေးနိုင်တယ် စိတ်ဝိညာဥ်ပညာရှိအဆင့်ကနေစိတ်ဝိညာဥ်သူ​တော်စင်အဆင့်ကိုရောက်ဖို့ပွင့်ချပ်တစ်ဖက်ပဲလိုတယ်

နယ်မြေကိုးပါးကသူတွေမှာစိတ်ဝိညာဥ်သူ​တော်စင်အဆင့်ရှိတဲ့သူတွေကလက်ချိုး​​ရေလို့ရတယ်

သူတို့ကလက်တစ်ဖက်တည်းနဲ့တင်မြို့တစ်ခုလုံးကိုအမှုန့်ချေပစ်လို့ရနိုင်လောက်တဲ့အထိအင်အားကြီးကြတာကြောင့်မို့လို့နယ်မြေကိုးပါးမှာဝိညာဥ်ဧကရာဇ်အဆင့်​ပေါ်​ပေါက်လာရင် သူ့မိသားစုက ချက်ချင်းကိုအင်အားကြီးမိသားစုဖြစ်တယ်

ဒါမျိုးတွေကြောင့်လူတိုင်းကစိတ်ဝိညာဥ်သူ​တော်စင်အဆင့်ကို​ရောက်ချင်ကြပြီးတော့ကြာပန်းကိုလုနေကြတာဖြစ်တယ်

ရှီရှန်းကဒီကြာပန်းအတွက်မျိုးနွယ်စုနှစ်ခုအချင်းချင်းတိုက်ခိုက်တာကိုကြည့်ဖို့နေရာကောင်း​ကောင်းကိုရှာနေတယ်

လူသားမျိုးနွယ်စုထဲကတော်ဝင်မိသားစုနဲ့အင်အားကြီးအသိုင်းအဝိုင်းတွေကမဟာမိတ်ဖွဲ့သွားကြတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now