သူမအဖေကအရမ်းကိုဒေါသထွက်နေပြီးမျက်လုံးတွေနီနေပြီ အဲ့တာကြောင်​ဧည့်သည်တွေကိုပြန်လွှတ်ဖို့အစောင့်တွေကိုပြောလိုက်တယ်လူတိုင်းကဆက်ပြီးပွဲကြည့်ချင်နေသေးပေမဲ့,သူတို့လည်းမတတ်နိုင်ဘဲထွက်သွားကြရတယ်

"ရှန့်ယောင်ကွမ်း! ! ရှန့်အိမ်တော်ကမင်းကိုနှစ်တွေအကြားကြီးစောင့်ရှောက်ပေးခဲ့ပြီးတော့မင်းလိုအပ်တာမှန်သမျှထောက်ပံပေးခဲ့တယ်ဒါကမင်းငါတို့ကိုပြန်ပေးဆပ်တဲ့ပုံစံလား?'' ရှန့်သခင်ကြီးကဒေါသတကြီးအော်ပြောတယ်
'အမိန့်နာမခံတဲ့သမီးက​ သေသင့်တယ်'

"ရှင့်မှာပြောစရာကျန်သေးလား''ရှီရှန်းကပြုံးပြီးတော့ပြောတယ်သူမရဲ့နက်မှောင်တဲ့မျက်လုံးတွေကတည်ငြိမ်နေတယ်ပြီးတော့မကောင်းဆိုးဝါးသဖွယ်ပြုံးနေတယ်

ရှန့်အကြီးအကဲက နှလုံးခုန်တွေမြန်လာတယ်'ဒီဟာမက ငါ့သမီးမဟုတ်ဘူး,ငါ့သမီးမှာဒီလိုအပြုံးမျိုးမရှိဘူး'

"နင်ဘယ်သူလဲ,ငါ့သမီးယောင်ကွမ်းကိုနင်ဘာလုပ်လိုက်တာလဲ''ရှန့်အကြီးအကဲကဒေါသထွက်နေတယ်

'ဒါကငါတို့မမလေးရှန့်မဟုတ်ဘူးလားအကြီးအကဲကဒေါသထွက်လွန်းလို့ရူးများရူးသွားတာလား'

"ရှင်တွေးနေတဲ့သူပဲလေ''ရှီရှန်းက သူ့ကိုလှောင်ပြောင်ပြီးတော့ဆက်ပြောတယ်

'ငါတွေးနေတဲ့သူပဲတဲ့,နင်ဘယ်သူလဲငါကဘယ်လိုသိမှာလဲ'ရှန့်သခင်ကြီးကသွေးအန်ထွက်​တော့မလို​တောင်ခံစားလိုက်ရတယ်

"သူမကိုချုပ်လိုက်,ဖမ်းလိုက်,ဘယ်သူပဲနေနေဒီနေရာကနေအသက်ရှင်လျက်ထွက်မသွားစေရဘူး''

ရှန့်အိမ်​တော်ကသူတွေကတစ်ယောက်ကိုယ်တစ်ယောက်ကြည့်နေတယ်

"ဘာတွေကြည့်နေတာလဲသူမကိုအခုဖမ်းစမ်း!!''

သူတို့လိုငယ်ရွယ်ပြီးပညာမစုံ​သေးတဲ့ကလေးတွေကရှန့်ယောင်ကွမ်းအတွက်တော့ပြိုင်ဘက်မဟုတ်ဘူး

သူမတစ်ချက်နှစ်ချက်တိုက်ပြီးတဲ့နောက်မှာသူမတစ်ယောက်တည်းကျန်နေတယ်

ကျန်တဲ့သူတွေကတော့မြေပြင်မှာလဲပီးသေချင်ယောင်ဆောင်ကြတယ် အချို့ကကြတော့သတ္တိရှိချင်ကြောင်းပြပြီးပြန်ထတယ် အဲ့တော့တကယ်သေ သွားကြတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now