"ဟမ့်...''
ပုကျင်းယွင်ကအကျီအိတ်ထဲကကျောက်စိမ်းကိုထုတ်ပြီးဖိလိုက်တယ် ရလဒ်ကတော့မထူးခြားဘူးသူကထပ်ပြီးတော့ဖိတယ် ဒါ​ပေမယ့်ဘာမှဖြစ်မလာဘူး

ပုကျင်းယွင်ကမျက်နှာတစ်ခုလုံးနီရဲလာပြီးရှီရှန်းကိုကျောက်စိမ်းပြား ထိုးပေးလိုက်တယ်
''ချိုးလိုက်''

ရှီရှန်း ''.....''
'အဲ့တော့..နင့်မှာဒါလေးချိုးဖို့တောင်အားမရှိဘူးပေါ့ဟုတ်လား...အထူးနည်းလမ်းတွေသုံးရတယ်လို့တော့လာမပြောနဲ့နော်'

ရှီရှန်းက ကျောက်စိမ်းထဲကိုစိတ်၀ိညာဥ်စွမ်းအင်အနည်းငယ်ထည့်ပြီးတော့ချိုးလိုက်တယ်

ချောက်!!

ကျောက်စိမ်းကျိုးသံကြားတော့တစ်စုံတစ်ယောက်ကဒေါသနဲ့အော်ပြောတယ်
''ရှန့်ယောင်ကွမ်း!!နင်ဘာလုပ်နေတာလဲ''

ရှီရှန်းကကျိုး​နေတဲ့​ကျောက်စိမ်းပိုင်းကိုယူပြီးတော့ကျုံးရှီရိကိုပြုံးပြုံးလေးပြန်ဖြေတယ်
''ရှင်တို့တွေပဲ​ပြန်ပြီးတော့ပြိုင်ချင်တယ်ဆို...,ကျွန်မကပြန်ခေါ်ပေးနေတာလေ''

"မင်းပြောတော့သူတိုနဲ့အဆက်အသွယ်မရှိဘူးဆို...ဘာလို့ ဆက်သွယ်ရေးပစ္စည်းရှိနေတာလဲ''ကျုံးရှီရိကဒေါသထွက်လာတယ်

"ရှင်ပြောချင်တာတွေပဲစွတ်ပြောနေလိုက်,ငတုံး''ရှီရှန်းကပြန်ပက်တယ်

"ရှန့်ယောင်ကွမ်း!!!''

"ဘာတွေလာအော်နေတာလဲ,ဒီမှာနားမကန်းသေးဘူး..ကျွန်မသာသူတို့နဲ့အဆက်အသွယ်ရှိရင်ရှင်ဒီလိုအော်​နေနိုင်နေမယ်လို့ထင်နေတာလား''

ကျုံးရှီရိ ရဲ့မျက်နှာကဖြူသွားလိုက်စိမ်းသွားလိုက်ဖြစ်နေတယ်

ရှီရှန်းရဲ့စကားတွေကြောင့်သူမဘေးနားကသူတွေကသူမကိုရှောင်သွားကြတယ်

"စီနီယာယောင်ကွမ်းကတစ်ကယ်ပဲသူတို့နဲ့ပူးပေါင်းထားတာလား''

"အကယ်၍သူမသာမဟုတ်ဘူးဆိုရင်ဒီလိုပုံစံဖြစ်နေမှာမဟုတ်ဘူး,သူမချိုးလိုက်တာကလည်းဆက်သွယ်ရေးကျောက်စိမ်း,တကယ်ကြီးသူတို့ကိုပြန်ခေါ်တော့မှာလား''

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now