"အကယ်၍ကျွန်မမှာသာသူတို့နဲ့အဆက်အသွယ်ရှိနေရင်ရှင်တို့ဒီမှာရပ်နေနိုင်ရမယ်လို့ထင်နေတာလား, ကျွန်မကအနိုင်ရပြီးကျောင်းဂုဏ်ကိုဆောင်ပေးတာလေ,အဲ့တာကိုကျေးဇူးမတင်တဲ့အပြင် လူကိုအပြစ်လာတင်နေတယ်..တော်တော်ကိုစိတ်တိုဖို့ကောင်းတာပဲ''ရှီရှန်းကခနရပ်ပြီးဆက်ပြောတယ်
"ရှင်တို့ကအဲ့လောက်တောင်သံသယတွေဖြစ်နေမှတော့သွားပြီးထပ်ပြိုင်ကြတာပေါ့...အဲ့အခါကြမှကျွန်မကနစ်နာသူမဖြစ်ရမှာ''

ရှီရှန်းပြောတာလည်းမှန်တယ်လေ

"သူမပြောတာဟုတ်တာပဲ,ဘယ်လိုပဲဖြစ်ဖြစ်ဒီနှစ်မှာငါတို့ကျောင်းကနိုင်သွားတာပဲ,ရလဒ်ကကောင်းတာပဲလေအကယ်၍သူမသာသူတို့နဲ့အဆက်အသွယ်ရှိနေမယ်ဆိုရင်ငါတို့ဘက်ကနေနိုင်အောင်ဘာကိစ္စလုပ်မှာလဲ"
​ကျောင်းသား​တွေကအ​တွေး​ပြောင်းသွားပြန်တယ်

ရှီရှန်းက စင်ပေါ်ကနေဆင်းပြီးပုကျင်းယွင်ဆီသွားတယ် အားလုံးရဲ့အကြည့်ကပုကျင်းယွင်ဆီရောက်နေတယ်

"ရှင့်လူတွေကိုပြန်လာခိုင်းလိုက်...ပြီးတော့သူတို့ကိုနိုင်အောင်တိုက်''
ရှီရှန်းကပုကျင်းယွင်ကိုတိုးတိုးလေးပြောတယ်

"ဘာကိစ္စလုပ်ရမှာလဲ''ပုကျင်းယွင်ကရုပ်တည်ကြီးနဲ့ပြောတယ်

"ကျွန်မကရှင့်ရဲ့အနာဂတ်ဇနီးလောင်းလေ,သူတို့ကျွန်မကိုအနိုင်ကျင့်တာကိုရှင်ကထိုင်ကြည့်တော့မှာလား''ရှီရှန်းကပြုံးပြီးပြောတယ်

ပုကျင်းယွင်ကအံကိုကြိတ်ပြီးလက်သီးဆုပ်ထားတယ်
'ဘယ်သူကဘယ်သူ့ကိုအနိုင်ကျင့်တာပါလိမ့်ငါတော့တစ်ယောက်မှမင်းကိုအနိုင်ကျင့်နိုင်တယ်လို့မမြင်မိပါဘူးနော်'

"လုပ်ပါ,နော်နော်နော်''
ရှီရှန်းကရုတ်တရက်ကြီးချစ်စရာကောင်းအောင်သရုပ်ဆောင်ပြတယ်

'ဘယ်လိုတော်ဆီလျော်လိုက်သလဲ,ဟင်းဟင်းဟင်း,ငါလေးကချစ်စရာကောင်းအောင်လည်းသရုပ်ဆောင်နိုင်တယ်နော်.
လိုအပ်ရင်ဝန်ဆောင်မှုတောင်ပေးဦးမှာ,ခန္ဓာကိုယ်ကလွဲရင်ပေါ့'

ပုကျင်းယွင်ရဲ့နားရွက်​တွေက ရုတ်တရပ်ကြီး နီ​ရဲသွားတယ်
'ဟင့်အင်း​နော်...သူမကချစ်စရာမကောင်းဘူး...လုံးဝကိုချစ်စရာမကောင်းတာ! '

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Όπου ζουν οι ιστορίες. Ανακάλυψε τώρα