"ဒီမှာကျောင်းသားတွေလည်းရှိနေတာကိုမင်းတို့ကဘယ်လိုစံပြ ပုံစံဖြစ်အောင်နေနေကြတာလဲ''အကြီးအကဲကစိတ်တိုသွားတယ်

ကျုံးရှီရိ ကတစ်ခုခုပြန်ပြောချင်ပေမဲ့မပြောနိုင်ခဲ့ဘူး

တစ်ခြားတစ်ဖက်မှာတော့သူဖုန်းစားဦးလေးက စိတ်တိုနေတုန်းပဲ..အကြီးအကဲကအရိပ်အကဲကြည့်ပြီးသူတို့နှစ်ယောက်ကြားမှာဝင်ရပ်လိုက်တယ်
''ယဲ့ထျန်းနန်, မင်းကအခုချိန်ထိပြဿနာရှာချင်နေတာလား''

အကြီးအကဲကအော်ပြောလိုက်တော့မှပဲသူကနောက်ကိုနည်းနည်းဆုတ်သွားတယ်

"ယောင်ကွမ်း, ဘာဖြစ်ခဲ့တယ်ဆိုတာကိုထပ်ပြီးတော့သေသေချာချာလေးရှင်းပြပေးနိုင်မလား''
အကြီးအကဲရဲ့အသံက ကျုံးရှီရိ ထက်တော့ပိုပြီးညင်သာတယ် ဘာပဲဖြစ်ဖြစ်သူမကရှန့်မိသားစုကအကြီးဆုံးသမီးပဲလေ

'ငါဘာကိစ္စဒီအဖိုးတန်လေးကို ယဲ့ထျန်းနန်ဆီပေးမိတာပါလိမ့်!'

"စောစောပြောခဲ့တဲ့အတိုင်းပဲလေ,တစ်စုံတစ်ယောက်ကရှင့်ကိုအရှုံးပေးနေတာကိုရှင်ငြင်းမှာလား''
ရှီရှန်းက သူမရဲ့ကျက်သရေရှိတဲ့ပုံစံကိုထုတ်ပြနေတယ်

ပုကျင်းယွင်က ရုတ်တရက်ကြီးဒေါသတွေထွက်လာပြီးလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်တယ်
'မင်းငါ့ကိုအကူအညီတောင်းတုန်းကဒီလိုမဟုတ်ပါဘူး,ဘာတဲ့...တောင်းပန်တယ်..အရှုံးပေးတယ်ဆိုပဲ'

အကြီးအကဲကလည်းအတော်ကိုစိတ်တိုသွားတယ်
''ရှန့်ယောင်ကွမ်းအဓိပ္ပါယ်ရှိတာကိုပြောစမ်း''

"ကျွန်မပြောနေတာအဓိပ္ပါယ်မရှိလို့လားအကြီးအကဲရေ...ဘယ်နေရာနားမလည်တာလဲ ပြန်ရှင်းပြပေးရဦးမလား''
ရှီရှန်းကခပ်ပြတ်ပြတ်ပြန်ပြောတယ်

အကြီးအကဲ''.....''

အကြီးအကဲကသူဖုန်းစားဦးလေးကိုစိုက်ကြည့်လိုက်တယ်
'မင်းသူ့ကိုဘယ်လိုတွေသင်ကြားပေးထားတာလဲ, လူကြီးကိုလေးစားရမယ်ဆိုတဲ့စည်းမျဥ်းဘယ်ရောက်သွားတာလဲ...သူမစားပစ်လိုက်တာလား'

သူဖုန်းစားဦးလေး"...."
'ငါကိုဘာတွေစိုက်ကြည့်နေတာတုန်း'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now