'ကောင်းပြီ, ချီးပဲ!,ငါကဒီကောင်ကိုပြန်ပေးဆွဲပါတယ်ဆိုမှအဖမ်းခံရမယ့်သူကငါတဲ့လား'

ရှီရှန်းက သူမရဲ့spaceထဲက​နေ ခရမ်း​ရောင်အလုံးလေးတွေကိုထုတ်လိုက်ပြီး သက်တော်စောင့်ဆီပစ်လိုက်တယ်

ဘန်း!!!

များပြားတဲ့မီးခိုးတွေထွက်လာပြီးတော့မြင်ကွင်းကဝေဝါးသွားတယ် ရှီရှန်းကရှုပ်​ထွေး​နေတဲ့အ​ခြေအ​နေကိုအခွင့်ကောင်းယူကာ ပုကျင်းယွင်ကိုဆွဲခေါ်ပြီးမြင်ကွင်းကနေပျောက်သွားတယ်

"သွား!!....ခန်းမသခင်ကိုပြန်ခေါ်ခဲ့''

သက်တော်စောင့်ခေါင်း​ဆောင်  ရဲ့ဒေါသတကြီးလှမ်းအော်လိုက်တဲ့အသံကိုနောက်ကနေကြား​နေရတယ်

ရှီရှန်းကသူမကိုယ်ပိုင်ပျံသန်းတဲ့နည်းလမ်းတွေရှိနေတာကြောင့်သူတို့ထက်ခပ်မြန်မြန်သွားနိုင်ပြီး နောက်မှာချန်ပစ်ခဲ့တယ်

သူတို့တွေမြို့​တော်ကနေထွက်လာပြီး တောထဲမှာဆင်းကြတယ် ပုကျင်းယွင်ရဲ့မျက်နှာကတည်ငြိမ်နေပုံပေါက်ပေမဲ့စိတ်မှာတော့မီးတောင်ပေါက်ကွဲတော့မယ့်အတိုင်းဒေါသတွေဆူပွက်နေတယ်

သူနဲ့မတူညီစွာပဲရှီရှန်းကပြုံးပြီးပြောတယ်
''ကျွန်မရှင့်ကိုပြန်ပေးဆွဲလာတာဘာမှားလို့လဲ,ကျွန်မကရှင်လိုချင်တာမှန်သမျှအကုန်ပေးနိုင်တယ်နော်....ဒါအခြားသူတွေလိုချင်လွန်းလို့ ခုနစ်ဘ၀ဆက်တိုက်​ကောင်းမှုကုသိုလ်​လုပ်ရင်တောင်မရနိုင်တဲ့အခွင့်အရေးပဲ,''

ပုကျင်းယွင်''.....''
'ဒီစကားတွေကတစ်ခုခုမှားနေသလိုပဲ'

"ငါကုန်းမြေကိုးပါးခန်းမဆီပြန်ချင်တယ်''
ပုကျင်းယွင်ကပြန်ပြောတယ်

"ဒါပေါ့''
ရှီရှန်းကခေါင်းညိတ်ပြတယ်
ပုကျင်းယွင်"......"
'ဒီမိန်းမကနည်းနည်းလေးယဥ်ကျေးလာသလိုပဲ'

"ဒါပေမဲ့ရှင့်ကိုပြန်မပို့ခင်ဟိုခွေးသားလေးတွေကိုအရင်သတ်ရမယ်''ရှီရှန်းကပြန်ပြောတယိ

ပုကျင်းယွင်". ..''

'ဟိုကောင်တွေကတုံးပေမဲ့သစ္စာတော့ရှိပါသေးတယ်'
'ငါ့ကိုငါပဲအားကိုးတော့မယ်ဟိုကောင်တွေကိုစောင့်မနေတော့ဘူး ကျင့်ကြံဆင့်တွေသာပြန်ရကြည့်...သူမကိုငါရိုက်သတ်ပစ်မယ်'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now