'စိတ်လျော့...

စိတ်လျော့....

နင့်ဘိုးအေကိုပဲစိတ်လျော့တော့!

သခင်ကအဆိပ်ခတ်ခံရနေပြီ...​ပေါ့​သေးသေးကိစ္စမဟုတ်ဘူး...ဒီမိန်းမကသေကို​သေ သင့်တယ်'

အနက်ရောင်မီးလုံးတစ်ချို့ကသက်တော်စောင့်ခေါင်း​ဆောင်  ရဲ့လက်ထဲမှာပေါ်လာပြီးတော့ရှီရှန်းဆီကိုပစ်ဖို့လုပ်တယ်

'အနက်ရောင်မီးလုံးတွေ!... စိတ်ဝိညာဥ်ဧကရာဇ်အဆင့်တဲ့လား, သေရော!!! ဇာတ်လိုက်မရဲ့အဆင့်ထက်တောင်မြင့်နေသေးတယ်..ပြီးတော့ငါကဒါကြီးကိုခံရမှာလား??'

ရှီရှန်းကညစ်ပြီးတော့သက်တော်စောင့်ခေါင်း​ဆောင် ကိုလက်စဖျောက်ပစ်တော့မယ့်အချိန်မှာပုကျင်းယွင်ကလှမ်းအော်တယ်

"ရပ်လိုက်!!!''

သက်တော်စောင့်ခေါင်း​ဆောင်  ကပစ်ဖို့အဆင်သင့်ဖြစ်နေပေမဲ့သူ့သခင်ရဲ့အသံကိုကြားတဲ့အခါမှာစွမ်းအင်ကိုပြန်ရုတ်သိမ်းလိုက်တယ်..လက်ထဲကအနက်ရောင်စွမ်းအားတွေလည်းပျောက်သွားတယ်

"ခန်းမသခင်''
သက်တော်စောင့်ခေါင်း​ဆောင် က သူ့သခင်ကိုနားမလည်နိုင်စွာကြည့်လိုက်တယ်
'ဘာလို့သခင်က ဒီမိန်းမကိုသတ်ခွင့်မပေးရတာလဲ'

"သူမကိုချုပ်လိုက်'' ပုကျင်းယွင်ရဲ့အသံကဖျော့​တော့နေတယ်
'ငါ့ကိုဒီလောက်တောင်ဆိုးဆိုးရွားရွားဆက်ဆံထားတာကိုဘာကိစ္စလွယ်လွယ်သတ်ပစ်ရမှာလဲ'

ရှီရှန်းကနည်းနည်းလေးစိတ်ရှုပ်သွားတယ်
'ဘာလို့ဒီသက်တော်စောင့်ကပုကျင်းယွင်အဆိပ်ခတ်ခံရတာကိုဂရုမစိုက်ရတာလဲ..ပြီးတော့ပုကျင်းယွင်ကလည်းနည်းနည်းလေးမှစိတ်ပူမနေပါလား'

[Side quest...ပုကျင်းယွင်၏အတိတ်,
မစ်ရှင်ကိုအလိုအ​လျောက်လက်ခံသည်]

ရှီရှန်း "....''
'ဒီလိုအခြေအနေမှာတောင်မှငါ့ကိုမစ်ရှင်ပေးနိုင်သေးတယ်ပေါ့,ဘယ်လိုဖြစ်နေတာလဲ!!'

ရှီရှန်းက systemကိုသေလောက်အောင်ရိုက်သတ်ပစ်လိုက်ချင်တယ်

သက်တော်စောင့်ခေါင်း​ဆောင်  နဲ့ပုကျင်းယွင်တို့ကအကြည့်တွေဖလှယ်နေကြတယ် ဘာ​တွေ​ပြော​နေကြမှန်း ရှီရှန်းနားမလည်ပေမယ့်သက်တော်စောင့်ကသူမကိုအရှင်ဖမ်းဖို့သဘောတူလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now