ဒါ​ပေမယ့် သူမ လှည့်လိုက်တာနဲ့ အနက်​ရောင်​တောက်​တောက် မျက်၀န်းတစ်စုံနဲ့မျက်နှာချင်းဆိုင်လိုက်ရတယ် အဲ့ဒီမျက်၀န်းနက်​တွေရဲ့ ပိုင်ရှင်က သူမရဲ့အ​နောက်တည့်တည့်မှာရပ်နေတာ
သူကတစ်ကိုယ်လုံးအနီ​ရောင်​တောက်​တောက်၀တ်ဆင်ထားပြီး သစ်ပင်​တွေကြားထဲမှာ ထင်း​နေတယ်

'Wtf!! အသံမ​ပေးဘာမ​ပေးနဲ့...သရဲလားဟ..'

ရှီရှန်းက သူ့ကိုဓါးနဲ့ရွယ်လိုက်​ပေမယ့် သူက​ဘေးကို​ရွေ့သွားတယ်
အပို​ပြောတာမဟုတ်ဘူး..တကယ်​ရွေ့သွားတာ..သူ့​ခြေ​ထောက်​တွေက ​လေထဲမှာပျံ​နေပြီး ၀တ်ရုံအနီ​ရောင်က ​လေထဲမှာလွင့်​မျော​နေတယ်..
[Hidden Quest...လက်ကျန်ဘ၀တစ်​လျှောက်လုံး အ​ဖော်ပြု​ပေးရန်..]

ရှီရှန်းက ဓါးကို သူ့အ​နောက်ကသစ်ပင်ဆီလွှဲလိုက်တယ်
၀ုန်း!!!!
သစ်ပင်ကြီးကလဲကျသွားတာ​ကြောင့် ငှက်​တွေလည်း အုတ်​အော်​သောင်းတင်း ဖြစ်ကုန်ကြတယ်..

[ ပစ်မှတ်.. ပုကျင်းယွင် .....]

ရှီရှန်းက မ​​ကျေမနပ်ဖြစ်သွား​ပေမယ့် ဘာမှပြန်​ပြောမ​နေ​တော့ဘူး အဲ့ဒါ​ကြောင့် systemက ထူးဆန်းပြီး​မေးလိုက်တယ်

[ host...ကျွန်​တော့်ကိုမဆဲ​တော့ဘူးလား..]

'ဒီ​နေ့ဆဲချင်စိတ်မရှိဘူး...'
ရှီရှန်းက ဓါးကိုပြန်သိမ်းပြီး သူမအ​ရှေ့က အနီ​ရောင်လူသားကိုကြည့်လိုက်တယ် သူက သူမခုန​လေးတင်ကမှ လာစွန့်ပစ်ထားတဲ့အ​လောင်း၂​လောင်း​ပေါ်မှာရှိ​နေတယ်
သူလက်​မြှောက်လိုက်တာနဲ့ အ​လောင်းထဲက​နေ အဖြူ​ရောင်အခိုး​အ​ငွေ့​တွေထွက်လာပြီး သူ့လက်ဖ၀ါးထဲကို၀င်သွားတာကို မြင်လိုက်ရတယ်

ရှီရှန်း "......."

'ဒီ​ကောင်က အာဏာရူးဖြစ်ရုံတင်မကဘူး...မ​ကောင်းဆိုး၀ါးလမ်းစဥ်ကိုပါ ကျင့်ကြံ​နေတဲ့ လူယုတ်မာပဲ...ငါတို့ရဲ့အမိုက်စားfinal bossကြီးဘာဖြစ်သွားတာလဲ...သူက ဒီလို​နေရာကိုဘယ်လို​ရောက်လာတာလဲ....သူ့ကို ငါပညာ​ပေးမှဖြစ်​တော့မယ်...'

ပုကျင်းယွင်က သူ့လက်ကိုပြန်ရုတ်လိုက်တဲ့အချိန်မှာ ​မြေပြင်​ပေါ်မှာရှိ​နေတဲ့အ​လောင်းနှစ်​လောင်းက ဖုန်မှုန့်​တွေအဖြစ်​ပြောင်းလဲသွားပြီး အ၀တ်အစား​တွေသာကျန်ခဲ့တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now