ရှီရှန်း "......"
'ဒီ​စောက်ရူး​ကောင်...'

ဒါ​ပေမယ့်လည်း သူဖုန်းစားဦး​လေးရဲ့မဲမပါတာ​တောင် ပြည်သူ့အချစ်​တော်ချင်လန်ယွဲ့က ​ကျောင်းသား​တွေရဲ့ မဲ နဲ့တင် အ​သေခံလူစာရင်းမှာပါသွား​တာပါပဲ..

.................

ကုန်း​မြေကိုးပါးခန်းမကကိုယ်စားလှယ်​တွေ​ရောက်တဲ့​နေ့မှာ ​ကျောင်းတစ်​ကျောင်းလုံးရဲ့အ​ခြေအ​နေက စိတ်ဓါတ်ကျဖွယ်ဖြစ်​နေတယ်

'​အေး​လေ...အရှက်ကွဲ​တော့မယ့်အ​ခြေအ​နေကို လက်ခံ​နေရတာဆို​တော့...'

ရှီရှန်းက​တော့ သူတို့ရဲ့ စိတ်ဓါတ်ကျစရာ မြင်ကွင်းကိုခံစား​နေဖို့ရာအချိန်မရှိ​လောက်​အောင်အလုပ်ရှုပ်​နေတယ်.....
လူသတ်ရင်းနဲ့.........

ဘယ်သူ​တွေလဲ လို့​မေးချင်တာလား...

'ဘယ်သူလွှတ်လိုက်တဲ့သူ​တွေလဲ ဆိုတာ​တော့ ငါလည်းမသိဘူး...ဒါ​ပေမယ့် သူတို့အသက်ကိုငါ့​ခြေရင်းမှာလာချ​ပေးတယ်ဆိုမှ​တော့ ငါသာ လွှတ်​ပေးလိုက်ရင် နှ​မျောစရာကြီး​လေ..'

ရှီရှန်းက ​ရှော​ရှောရှူရှူတိုက်ခိုက်​နေတယ် သူမရဲ့ဓါးသွားမှာ​သွေးတစ်ချက်စွန်းတိုင်း ​ကျောချမ်းစရာအရှိန်အ၀ါကိုထုတ်​ဖော်​နေပြီး ​လေထုထဲမှာ ​သွေးစက်တွေလွင့်ပျံ​နေတယ်

​နောက်ဆုံးတစ်​ယောက်ကိုသတ်ပြီးတဲ့​နောက်မှာ ရှီရှန်းကသူ့ခန္ဓာကိုယ်ကို ​ဘေးကိုကန်ထုတ်လိုက်ပြီး တင်ပြင်​ခွေထိုင်ချလိုက်တယ်
ကန်ထုတ်ခံလိုက်ရတဲ့အ​လောင်းရဲ့မျက်စိ​တွေကပြူးကျယ်​နေပြီး သူဒီလို လွယ်လွယ်​လေးအသတ်ခံလိုက်ရတာကိုမယုံကြည်နိုင်လိုက်တဲ့ပုံ​ပေါ်တယ်..

ရှီရှန်းက သူမရဲ့ဓါးကို သန့်ရှင်းသွား​အောင်သုတ်လိုက်တယ် ​ဓါးသွား​ပေါ်မှာရှိ​နေတဲ့သွေးနီ​ရောင်က ​ပျောက်သွားပြီး အရင်လို​အေးစက်စက်အလင်းတန်းကိုပြန်ထုတ်​ဖော်​နေပြန်တယ်...

ရှီရှန်းက အ​လောင်းနှစ်​လောင်းကိုလက်တစ်ဖက်စီဆွဲယူပြီး​​တောထဲကိုသွားလိုက်တယ်
​ကျောင်း​တော်နယ်​မြေကအရမ်းကျယ်လွန်းတာ​ကြောင့် ဒီ​တောအုပ်ထဲကိုလာမယ့် အရိုးရှင်းဆုံးလမ်းက​တောင် ​တော်ရုံလူ​တွေကိုလမ်း​ပျောက်​စေနိုင်တယ်
​တောနက်နက်ထဲကိုသွားပြီးအ​လောင်း​ဖျောက်ပြီးတဲ့အခါမှာ ရှီရှန်းက လက်နှစ်ဖက်ကိုဖုန်ခါပြီး ပြန်ထွက်လာဖို့လုပ်လိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now