အဲ့မှာလူတစ်ယောက်ရှိနေတယ်
အဲ့ဒီသူကအဝတ်အစားတွေကစုတ်စုတ်ပြတ်ပြတ်ဝတ်ထား​ပေမယ့်ထူးဆန်းတဲ့အရှိန်အဝါကတော့ရှိနေတုန်းပဲ..ရှီရှန်းကမျက်မှောင်ကြုတ်ကြည့်လိုက်တယ်
အဲ့ဒါကမင်းသားခုနစ်ကျွင်းဟန်လင်းပဲ

ဇာတ်လိုက်ကောင်ကသူမကိုမြင်တော့သူ့အရှိန်အဝါတွေကိုဖုံးဖို့လုပ်လိုက်တယ်

'အိုး,ငါအကုန်မြင်ပြီးနေပြီပဲကိုနင်ကဘာတွေလာဖုံးနေတာလဲ'

ကျွင်းဟန်လင်းကရှန့်ယောင်ကွမ်းကိုသိတယ်ဒါပေမဲ့သူကဟန်ဆောင်နေတာဆိုတော့နာမည်ထုတ်မခေါ်ဘဲနဲ့အပြစ်ကင်းတဲ့လေသံလေးနဲ့လှမ်း​ပြောလိုက်တယ်
"အမကြီး, သားဒီပေါ်ကနေမဆင်းတတ်တော့လို့''

'အမကြီးဆိုပဲ!!. ..ငါနင့်ထက်ငယ်တယ်ငတုံးရဲ့'

"အိုး..,အဲ့ဒါဆိုမင်းဘယ်လိုတက်လာတာလဲ'' ရှီရှန်းက အေးတိအေးစက်ပြုံးပြလိုက်တယ်

ကျွင်းဟန်လင်းကအနည်းငယ်အံသြသွားတယ်
'ဒီရှန့်ယောင်ကွမ်းကငါသိထားတာနဲ့မတူပါလား'

သူကတော်ဝင်မိသားစုမှာမွေးဖွားလာတာ​ကြောင့်အင်အားကြီးမိသားစု​တွေရဲ့စိတ်ရင်းမှန်ကိုဖုံးကွယ်ထား​လေ့ရှိတဲ့သ​ဘောကို အကျွမ်းတ၀င်ရှိတယ်

"သူတို့ကျွန်တော့်ကိုတစ်ယောက်ထဲထားပစ်ခဲ့ကြတာ''
သူကအပြစ်ကင်းတဲ့လေသံလေးနဲ့ပြောတယ်

ဒါက​တော့ဟန်​ဆောင်တာမဟုတ်ဘူး သူကတော်ဝင်မိသားစုမှာမွေးလာတယ်ဆိုပေမဲ့တော်တော်ဆိုးဆိုးဝါးဝါးဆက်ဆံခံရတယ်

"အဲ့တော့မင်းအောက်ကိုဆင်းချင်တာလား''
ရှီရှန်းက နူးနူးညံညံ့လေးပြုံးပြလိုက်တယ်

"အင်း''ကျွင်းဟန်လင်းကခေါင်းကိုညိတ်ပြတယ်
''အမကြီးကူညီပေးမလား''

"ဒါပေါ့''ရှီရှန်းကပြုံးပြတယ်

ကျွင်းဟန်လင်းကလက်ကမ်းပေးလိုက်ပြီး​နောက်မှာ​တော့သူ့စိတ်ထဲမှာမသက်မသာခံစားလိုက်ရတယ်
ရှီရှန်းကသူ့ကိုခေါင်မိုးပေါ်ကနေကန်ချလိုက်ပြီး အမူအရာကင်းမဲ့စွာရပ်​နေတယ်
သူမရဲ့ အင်္ကျီစ​တွေက ​လေထဲမှာ၀ဲ​နေပြီး ​နေ​သူမရဲ့အ​နောက်မှာရောင်ခြည်ထိုး​နေတာ​ကြောင့် ​ကောင်းကင်​ပေါ်ကဆင်းလာတဲ့နတ်ဘုရားမတစ်ပါးလိုပဲ

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now