ကျုံးရှီရိရဲ့အမူအရာကပြောင်းသွားတယ်
'ငါအဲ့လိုမရည်ရွယ်ပါဘူး,သူမကဘာလို့ဒီလောက်တောင်ပြောလိုက်ရတာလဲ'

​ဘေးနားမှာရှိ​နေတဲ့တခြား​ကျောင်းသား​တွေလည်းသက်သေပြပေးရမလားဘာလုပ်ပေးရမလဲတောင်မသိဖြစ်သွားတယ်

"အရမ်းကိုစပ်စုတာပဲအဘိုးကြီးရယ်''
သူဖုန်းစားဦးလေးကစိတ်တိုတိုနဲ့ပြောလိုက်တယ်
'မင်းစောင့်ကြည့်နေလိုက်, ပြီးမှအရှေ့ကိုအနောက်မပြောင်းချင်နဲ့'

"ယောင်ကွမ်း, မင်းကြိုးစားရမယ်နော်,အနာဂတ်မှာအဲ့အဘိုးကြီးကိုနိုင်အောင်တိုက်ပစ်''

ရှီရှန်းကသူ့ဆရာရဲ့စကားတွေကိုလျစ်လျူရှုလိုက်တယ်
'အရူး, မနိုင်မှန်းသိနေတာတောင်တိုက်ချင်သေးတယ်ပေါ့,ဒီလိုဆရာမျိုးရှိနေလို့ယောင်ကွမ်းကအဆုံးသတ်မ​ကောင်းရတာ...အံ့သြစရာမရှိပါဘူးလေ'

"ယောင်ကွမ်းရေ,မင်းကဆရာ့ရဲ့မျှော်လင့်ချက်လေးနော်,ဆရာ့ကိုစိတ်မပျက်စေနဲ့''
သူမဆရာက ရှီရှန်းကိုမျှော်လင့်တကြီးနဲ့ကြည့်နေတယ်

ရှီရှန်းကပြုံးသွားတယ်
"သိပါတယ်,သိပါတယ်,ဆရာ့ကိုစိတ်မပျက်စေရပါဘူး,အဲ့အချိန်အထိသာအသက်ရှင်နေစမ်းပါ, ကိုယ့်သေတွင်းကိုယ်တူးမနေနဲ့''

"အရူးမလေး, မင်းကများငါ့ကိုပြောရဲသေးတယ်...အဲ့အဘိုးကြီးမသေခင်ငါသေစရာလား'' သူဖုန်းစားဦးလေးကမျက်မှောင်ကြုတ်သွားတယ်

"ပြောမရဘူးလေ,ဆရာ့ကြည့်ရတာသူများသတ်လို့သေမယ့်ပုံပဲကို''

"အရူးမလေး,မင်းဆရာကိုတစ်ခါတောင်ယုံကြည်လို့မရဘူးလား''
သူမကိုဆရာကလက်ဖက်ရည်ခွက်နဲ့ပစ်ပေါက်လိုက်တယ်

ရှီရှန်းကဘေးကိုရှောင်လိုက်ပြီးတော့မသိမသာနေလိုက်တယ်
'ကျုံးရှီရိနဲ့အားတိုင်းရန်ဖြစ်ချင်နေတဲ့သူကိုငါဘယ်လိုများယုံကြည်ရမလဲ'

ရှီရှန်းကသူမနှုတ်ခမ်းနားရောက်လာတဲ့စကားတွေကိုပြန်မြိုချလိုက်တယ်

.....................

ဇာတ်လိုက်မအများစုကဒီလိုပြဿနာကိုမီးထွန်းရှာရတာကြိုက်ကြတယ်ဆိုတဲ့အတိုင်းပဲ

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now