Extra အပိုင်းပို - 8 End

Start from the beginning
                                    

စားပွဲဝိုင်းမှောက်သွားတော့ ထိုလေးယောက်မှာ ဒေါသထွက်ပြီး မခံမရပ်နိုင်ဖြစ်နေသော်လည်း သူတို့ထက် အရွယ်ကြီးတဲ့ ဇိုင်းသုတဟာ သူတို့နဲ့ယှဥ်ရင် အတန်းကြီးတစ်ယောက်မှန်းသိသာနေတာကြောင့် ချက်ချင်းတော့ပြန်မလုပ်ရဲကြပေ ။

" မင်းတို့ကောင်တွေ ဘယ်လောက်တောင်ငတ်နေလို့ ငါ့ညီဆီကလုစားရဲတာလဲဟမ်!."

" မင်းညီဘာသာငါတို့ရှေ့လာတာလေ လုတော့ဘာဖြစ်လဲ! "

လေးယောက်ထဲကတစ်ယောက်က အဲ့လိုပြောလိုက်တော့ အနောက်တစ်ယောက်ကဆက်မပြောဖို့ထိုတစ်ယောက်ကိုတားသည်။ ဒါပေမယ့်ပြောတာကပြောပြီးပြီမို့ မရတော့ပေ။ ဒါ့ထက် နှိုင်းသုတလေးက ထိုစကားကိုကြားတော့ ဝင်ပြောသည်။

" ငါအဲ့ကိုငါ့သူငယ်ချင်းတွေခေါ်ထားလို့လာတာ မင်းတို့ဆီလာတာမှမဟုတ်တာ ဟွန့်! "

ထိုစကားကိုကြည့်တော့ ဇိုင်းသုတက နှိုင်းသုတလေးကိုကြည့်ကာ။

" အဲ့နေရာကို ညီလေးသူငယ်ချင်းတွေလာခိုင်းတာလား "

" ဟုတ်တယ်ကိုကို "

အဲ့တော့မှ ဇိုင်းသုတသဘောပေါက်ပြီး ဟိုးနောက်ဆုံးတန်းမှာကြောက်ကြောက်လန့်လန့်ဖြစ်နေတဲ့ သုံးယောက်ကိုလှမ်းကြည့်ကာ။

" ဟေ့ကောင်တွေ မင်းတို့ကငါ့ထက်ငယ်လို့ ခြေထောက်တွေရိုက်မချိုးရဲဘူးထင်နေတာလား!"

အဲ့တော့မှ ထိုသုံးယောက်က အပြေးအလွှားရောက်လာပြီး ။

" တောင်းပန်ပါတယ်အကိုကြီး ကျွန်တော်တို့ကိုရိုက်မချိုးပါနဲ့ တောင်းပန်ပါတယ် "

" မင်းတို့သုံးယောက် နောက်တစ်ခါ ငါ့ညီနဲ့ဝေးဝေးနေ..အခုလုပ်လိုက်တဲ့ကိစ္စကိုမင်းတို့မိဘတွေနဲ့ နောက်မှရှင်းမယ် အခုငါ့ရှေ့ကထွက်သွားစမ်း!"

ဇိုင်းသုတစကားဆုံးတာနဲ့ ထိုသုံးယောက်ပြေးလိုက်တာမှ လုံးနေရောပဲ။ နှိုင်းသုတလေးကတော့ တခစ်ခစ်ရယ်လျှက် ။

" ကိုကိုအဲ့အငတ်ကောင်တွေကိုရိုက်ပြစ်နော်..သားမုန့်ကိုလုစားပြီး သားကိုလဲစောင့်တွန်းတယ်သိလား "

ကိုကိုရဲ့ကလေးငယ် S1 [ Completed ]Where stories live. Discover now