အခန်း ၃၁၂

Începe de la început
                                    

Sir Donau က သွားတွေပေါ်အောင် ပြုံးလိုက်တော့ သူ့သွားစွယ်ကျိုးနေတာက သတိပြုမိစရာဖြစ်နေတာကို တွေ့လိုက်ရသည်. ဧကရာဇ်က သူ့အတွက် သွားတုတစ်ချောင်း လက်ဆောင်ပေးခဲ့ပေမဲ့ Sir Donau က အဲ့လက်ဆောင်ကို ဖွင့်ကြည့်ပြီးတည်းက တစ်ခါမှ အသုံးမပြုခဲ့ပေ. ဒီလက်ဆောင်ကို မိသားစုအမွေအနှစ်အဖြစ် သိမ်းဆည်းထားမယ်လို့ ပြောလာသည်. သူဘယ်တော့မှ ဝန်ခံမှာမဟုတ်ပေမဲ့ Donau က သွားတုတပ်ပြီး ရယ်စရာတစ်ခု အဖြစ်မခံနိုင်တာတော့ အမှန်ပဲဖြစ်သည်.

Sir Donau က Poliana ကို ပြောလိုက်သည်.

"ရှင်းရှင်းပြောရရင်တော့ အဲ့ညကဖြစ်ခဲ့တာက အစ်မရဲ့အမှားပဲ. အစ်မ ကျွန်တော်ပြောချင်တာက ဧကရာဇ်နဲ့ အဲ့လိုမူးအောင်သောက်တာက..."

သူက မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်နဲ့ အရက်အတူသောက်တဲ့အကြောင်းကို ပြောနေတာမဟုတ်ပေ. သူက စစ်သည်တစ်ယောက်အနေနဲ့ သူမရဲ့ဧကရာဇ်ကို မကာကွယ်နိုင်လောက်အောင် သောက်ခဲ့တာကို ပြောနေတာဖြစ်သည်. ဒါက ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်လို့ရသည်.

Donau က သူ့ကျောင်းသားကို ဆူပူနေတဲ့ ကျောင်းဆရာတစ်ယောက်လိုမျိုး သူမကို ကြည့်လိုက်တော့ Poliana က အရှက်ရမိသလိုမျိုးနဲ့ ရယ်လိုက်သည်.

"ကျွန်တော်က အရှင့်ရဲ့ စစ်သည်ဖြစ်သလို အစ်မရဲ့ မောင်လဲဖြစ်တယ်. ပြောရမယ်ဆိုရင်တော့ ကျွန်တော်က ဘယ်ဘက်ကိုမှ လိုက်လို့မရဘူးအစ်မ. တကယ်လို့ ကျွန်တော့်ကို အတင်းဖိအားပေးရင်တော့ အရှင့်ဘက်မှာရပ်တည်တာက ကျွန်တော့်အတွက် မှန်ကန်တဲ့ရွေးချယ်မှုပဲ. ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်တော်က အစ်မဘက်မှာရပ်တည်မယ် အစ်မ"

"ဘာ?"

"အစ်မ ဘယ်လိုဆုံးဖြတ်ချက်မျိုးပဲချချ... ကျွန်တော် အစ်မဘက်မှာရှိမယ်. အစ်မလုပ်ချင်တာမှန်သမျှ ကူညီပေးမယ်. ဒါ့ကြောင့် အရင်ဆုံး Yapa ကို သွားရအောင်. အဲ့မှာ အစ်မရှာတွေ့တာက အစ်မကို ဖြောင်းဖြဖို့ မလုံလောက်သေးဘူးဆိုရင်... တကယ်လို့ အစ်မက ဧကရီ ဖြစ်မလာချင်သေးဘူးဆိုရင်လဲ ရတယ်. အစ်မ မှန်တယ်ထင်တာကိုပဲ လုပ်သင့်တယ်. လက်ထပ်တာနဲ့ လိုအပ်ရင် ကွာရှင်းတာ..ကြိုက်တာလုပ်လို့ရတယ်. ဒါပေမဲ့ အစ်မအပေါ်မှာရှိနေတဲ့ သူ့ခံစားချက်တွေကိုတော့ မငြင်းဆန်ပါနဲ့ဗျာ.. ကျေးဇူးပြုပြီးတော့ ဒီတစ်ခါတော့ ထွက်မပြေးပါနဲ့တော့"

Emperor and the Knightness (Zawgyi) Book - 2Unde poveștirile trăiesc. Descoperă acum