🧛🏻‍♂️ 3 🧛🏻‍♂️

2.2K 239 8
                                    

Unicode

Jin မနေ့ညက ခရီးပန်းပြီး ကုတင်ပေါ်လှဲလိုက်တာနဲ့ တန်းအိပ်ပျော်သွားတာမလို့ အမေ့ကိုလည်း ဖုန်းမဆက်လိုက်ရ...စိုနေတဲ့ အဝတ်တေလည်း မလဲလိုက်ရ... ငါတော့ အအေးပက်ပြီး ဖျားရင်မဖျား မဖျားရင်တော့ နှာစီးတော့မှာ မြင်ယောင်သေး...

Jinလည်း မနေ့က အကျီမလဲလိုက်ရတာမလို့... ရေချိုးခန်းထဲဝင်ပြီး မနေ့က အဝတ်တေကို ချွတ်ပြီး လျှော်ရန် ကြည့်လိုက်တော့... ခုဝတ်ထားတာတေက မနေ့က စိုနေတဲ့အဝတ်အစားတေမဟုတ်တော့ ... ပြီးတော့ အနေ့ကအဝတ်အစားတေက ရေချိုးခန်းထဲက အဝတ်လျှော်ရမယ့် ခြင်းထောင်းထဲ ရောက်နေတယ်...

Jin : : *ဟင်...နေစမ်းပါဦး ငါမနေ့က ရေစိုအဝတ်တေနဲ့ အိပ်မိသွားတာပါ...ဘလိုလုပ်ခုကြ လဲပြီးသားဖြစ်နေတာလဲ မဟုတ်မှလွှဲ ဟို JungKookဆိုတဲ့ လူကြီး လဲပေးထားတာလား ... မဖြစ်နိုင်လောက်ပါဘူးလေ သူက အောက်ထပ်မှာအိပ်တာပဲ ဘလိုလုပ်ပြီး အပေါ်ထပ်က ငါ့အခန်းထဲ လာမှာလဲ ... ငါပဲ လဲပြီးအိပ်လိုက်တာ နေမှာပါလေ... တွေးမနေတော့ဘူး ခေါင်းမူးတယ်... ခုတော့ မာမီမာသားကို ဖုန်းဆက်ရဦးမယ် မနေ့က မဆက်လို့ ဆူမှာ သေချာပေါက်ပဲ ဟူး...*

Jin : : He....
Jin' Mom : : ကင်ဆော့ဂျင် မင်းဖုန်းဆက်ဖို့တော့ သတိရသေးတာပဲ မနေ့က ရောက်ရောက်ချင်းဆက်ပါလို့ပြောထားတာကို တော်တော်နဲ့မဆက်လို့ လမ်းမှာများ တခုခုဖြစ်နေလားလို့ ငါ့မှာ စိတ်ပူနေရတာ ... မင်း မအေကို စိတ်ပူအောင် အရမ်းလုပ်တာပဲ...

Jin : : ကြည့် ကြည့် အမေတို့က အာ့တေပဲ ... မနေ့က အိပ်ပျော်သွားလို့ မဆက်မိလိုက်တာကို ပြောလို့ကို မပြီးတော့ဘူး ... ကိုယ့်သားဘက်က ပြောမယ့်စကားကို အရင်ဆုံးနားမထောင်ပေးဘူး ... ဆူချင်တာပဲ ဇွတ်ဆူနေတော့တာပဲ ... သားလေးကို အဆင်ပြေလားမမေးဘူး... လူကြီးတေကောင်းကိုမကောင်းဘူး...
( သားအမိ၂ယောက် အပြန်အလှန် Rapတေရွတ်နေကြတာပါ...😞 )

Jin' Mom : : အော် သားလေးက ခရီးပန်းပြီး အိပ်ပျော်သွားလို့ကိုး ... အမေလည်း စိတ်ပူလို့ မသိပဲ ပြောလိုက်တာပါ သားရယ် ... ခုရော မနက်စာ စားပြီးသွားပြီးသွားပြီလား ... ပစ္စည်းတေရော နေရာချပြီးပြီလား
Jin : : *ခုကျတော့လည်း အသံလေးကိုချိုနေရော အာ့ကြောင့်ပြောပါတယ် လူကြီးတေမကောင်းပါဘူးဆို*

- The First Love Of A Vampire - Where stories live. Discover now