ဖြိုးလေးအခန်းထဲဝင်သွားတော့ ဘေးကလူမရှိတော့ ဖြိုးလေးကတော့ အိပ်ယာထက် မှေးစက်နေဆဲ..... အပြစ်ကင်းတဲ့ယုန်သူငယ်လေးလိုပါလားကွာ ။ ကျွန်တော် မဲ့ပြုံးတစ်ချက် ပြုံးလိုက်မိတယ် ထင်ရဲ့ ။ အပေါ်မှ လွှမ်းခြုံထားသော စောင်ပါးလေးအောက်တွင် နုလွန်းသော အသားဖြူလေးများက တစ်စွန်းတစ်စပေါ်နေသည် ။ သွေးကြောစိမ်းလေးများပင် မြင်ရသည် ။ ဟက်...ကိုယ်က အထိအခိုက်မခံ တယုတယနဲ့ ထားတာကို မင်းက မပျော်ဘူးလား ။ ရတယ်လေ မင်းတော့ ကိုယ့်အနားက ထွက်သွားလို့မရဘူး ။ ကိုယ့်ဘေးနားမှာဘဲ ထားမှာ အနုနည်းမရရင် လှောင်ပိတ်ထားရုံဘဲ ။

ကုတင်ဘေးဝင်ထိုင်ပြီး ငေးကြည့်နေခိုက် နိုးထလာသော မျက်ဝန်းတစ်စုံကိုကြည့်ပြီး ကျွန်တော် လှောင်ရီနေမိသည် ။ ဘာမှနားမလည်သလိုဟန်ဆောင်ရင်း ကျွန်တော့်ကို ကြောင်အမ်းအမ်း ပြန်လည် ငေးကြည့်နေသည် ။ ဘာလဲ ဟန်ဆောင်တုန်းလား ဟက် မင်းအကြောင်း ကိုယ်အကုန်သိပြီးပြီ ။ အပင်ပန်းခံ ဟန်ဆောင်စရာ မလိုတော့ဘူး ဖြိုးလေး ။

" ဘာလဲ မင်းတို့အကြောင်း ကိုယ်မိသွားလို့ လန့်နေတာလား "

" ဘာကို ဘယ်က ကျွန်တော်တို့လဲ ကျွန်တော်က ဘယ်ရောက်နေတာလဲ "

" ဟန်ဆောင်နေတုန်းလားကွာ ရွံဖို့ကောင်းလိုက်တာ "

" ဗျာ "

သာမန်ဆိုရင်တော့ မျက်ဝန်းထဲ မျက်ရည်စတို့ ဝေ့သီနေသော ဖြိုးလေးကို မြင်လျှင် ကျွန်တော်ပါ ရောယောင် ငိုမိလိမ့်မည် ။ အခုတော့ ဟန်ဆောင်ကောင်းလွန်းသော ထိုလူသားကို ကြည့်ရင်း ကျွန်တော် ဟားတိုက်ရီမိသည် ။ ကျွန်တော့်ဖုန်းကို လက်ထဲသို့ ထိုးပေးလိုက်သည် ။ တစ်ပုံချင်း ပါးစပ်အဟောင်းသားဖြင့် သေချာကြည့်ပြီးနောက် ။

" ဒါဘယ်သူပို့တာလဲ ကျွန်တော့်ဘေးက ဘယ်သူလဲ ကျွန်တော်...ကျွန်တော်က....ဒီကို ဘာမှ နားမလည်တော့ဘူး ဒီပုံတွေကကော ဘာတွေလဲ "

နားမလည်သလိုပုံစံဖြင့် အကြောင်ရိုက်နေသော ဖြိုးလေးကိုကြည့်ရင်း ကျွန်တော် လှောင်ရီမိသည် ။

" ဟန်မဆောင်နဲ့ ဖြိုးလေး မင်းကောင်က ဘယ်သူလဲ ကိုယ့်ကို အမှန်အတိုင်း ပြောစေချင်တယ် မင်းတို့က ဘာတွေလဲ ဘယ်အဆင့်ထိ ရောက်နေပြီလဲဟမ် မင်းဟန်ဆောင် ကောင်းလှချည်လား ဟက် "

ကြွေပန်း(Unicode+Zawgi)Where stories live. Discover now