တစ်ချိန်တည်းမှာပဲ..

တစ်အိမ်လုံး ပစ္စည်း အပြောင်းအရွေ့တွေနဲ့ ဟွန်းဂျီဆုန်း တစ်ယောက်တည်း ရောက်ရပ်ခတ်နေသည်။ယောင်္ကျားကလဲ အလုပ်သွားလျှောက်​မှာမို့ စောစောထထွက်သွားသည်။

သူမကလေးကတော့ ပါလာတဲ့သူ့ကိုယ်ပိုင်အထုပ်သေးသေးလေးထဲက ဘောလုံးလေး ထုတ်ပြီး ခြံဝန်းထဲ ထွက် တစ်ယောက်တည်း ကန်လေနေသည်။

သူမ သူ့ကလေးအကြောင်း သိတာပေါ့ ။ဒီကလေး က အတော် ဘောလုံးကန်ရာမှာ ဝါသနာပါသည် ။ ငယ်ငယ်ကတည်းက အားကစားတစ်ခုမဟုတ်တစ်ခု လုပ်နေတတ်သည်။ခုလည်း သူမ အားမကူပဲ ပြေးလွှား ဘောလုံးကန်နေလေသည်။

"သားရေ ပိစိရေ ချော်လဲဦးမယ်ဟေ့ သတိထားကန်နော် ဘောလုံးခြံပင်မထွက်​စေနဲ့နော်"

"ဟုတ်ကဲ့ပါ မေကြီးရ"။

ခြံဝန်းဝရောက်တော့

" အိမ်ချင်တို့ အိမ့်ချင်တို့ရေ ကလောင် ကလောင် "

ဘဲကို အဆက်မပြတ်တီးသည် လူမလာသေး။ ကလေးသဘာဝဆော့စရာကလိစရာလို့ မြင်ပြီး ဆက် ဆော့နေလေသည်။

နောက်တော့ အန်တီတစ်ယောက်ချက်ချင်းထွက်လာသော်လည်း ဆောင်းဟွန်းတစ်ယောက်မှာတော့ ဘောလုံးကန်မပြတ် သူ့ဘောလုံး ဂိုးဝင်ဖို့သာ။အာရုံမရောက်မိတော့ ဒီတိုင်း မေသွားဖွင့်လိမ့်မယ်လို့ မကြည့်ပဲ ဆက်ကန်နေသည်။

အန်တီတစ်ယောက်ထွက်လာတာမြင်တော့ ဟီးဆွန်းနီး ချက်ချင်း ကလိနေတာရပ်ကာ

"အာညော် အန်တီ တားက ဟိုဘက်ခြံကပါ တားနာမည်က အီဟီဆွန်း ပါ မေမေ့နာမည်က ဟီးဟန်နီးပါ တားအသက်က 7နှစ်ပါ တားတားမေမေက ဆန်မုန့်လာပေးခိုင်းတာပါ တားနဲ့တားအမေကောက အန်တီတို့နဲ့ ခင်ချင်ပါတယ်ဗျ"

ဟွန်းဂျီဆုန်း ပြုံးမိလိုက်သည်။ဒီကလေး ဘယ်လောက် ချစ်ဖို့ကောင်းလိုက်လဲ စကားလေးပီကလာမပီကလာနဲ့ အသည်းယားအောင်ပြောနေလိုက်တာဆိုတာလေ။

"ဟုတ်ပါပြီရှင် အန်တီနာမည်က ဟွန်းဂျီဆုန်းပါ သားက ချစ်ဖို့ကောင်းလိုက်တာနော် အန်တီ့မှာလဲ သားလေးရှိတယ် သားထက်တော့ နည်းနည်းငယ်မယ်ထင်တယ် ကယ် သားစောင့်နေတာကြာပြမို့ ခနနော် အန်တီ လှယ်
ပေးမယ်"

Where the love exists [HeeHoon/milkcarrot] Where stories live. Discover now