"ငါတို့ မောင်ထူးလေးက လွမ်းနေတယ် ဆိုပါတော့"

"ဟာဗျာ..."

"ကဲ... ကဲ... ဘာမှလာရှက်ပြမနေနဲ့။ ထူးအောင်လည်း မအားလို့ နေမှာပေါ့။ သူမဆက်တော့ မင်းဆက်လိုက်လေ ဘာခက်တာကျလို့"

"ကျွန်တော်ဆက်တယ်။ မနက်ကတည်းက ဆက်နေတာကို ထူးအောင်က မကိုင်ဘူး။ သူမကိုင်လို့ အဖေ့ဆီဆက်ကြည့်တော့လည်း ကျွန်တော်က ဟဲလိုပဲပြောရသေးတယ် 'မင်းအမေနေကောင်းရဲ့... ဘယ်တွေသွားသေးလဲ ဘာတွေလုပ်သေးလဲ ဘာညာသာရကာတွေပြောပြီး ဖုန်းချသွားတယ်"

ကျွန်တော်ပြောတော့ ကိုဇော်ဇော်က တဟားဟားနဲ့ အော်လို့ရယ်တယ်။ ပြီးတော့ ဒီအဖေနဲ့ဒီသား လိုက်လည်းလိုက်တယ်တဲ့ မကြားတကြား ရေရွတ်နေတယ်။

"ငါ့ကို သတိရလို့ ဗီကောခေါ်တယ်မှတ်နေတာ လက်စသတ်တော့ အလွမ်းနာကျလို့ လှမ်းပြီး ရင်ဖွင့်တာပေါ့လေ"

"ဟာဗျာ။ ကျွန်တော် ကိုဇော်ဇော့်ကို တကယ်သတိရလို့ လှမ်းခေါ်တာပါဗျာ"

"ဟုတ်ပါပြီ။ ဟုတ်ပါပြီ ငါကစတာပါ။ ဘယ်လိုလဲ နေကောင်းလား။ အဆင်ရောပြေကြလား။ စိတ်အခြေအနေရော ဘယ်လိုလဲ။ အဆင်ပြေရဲ့လား"

"ဟုတ်။ အကုန်လုံး အဆင်ပြေပါတယ်။ အကိုရော နေရတာ အဆင်ပြေလား"

ကျွန်တော်မေးတော့ ကိုဇော်ဇော်က ဖွဖွလေးပြုံးပြလာတယ်။ ပြီးတော့ မျက်လုံးကိုမှိတ်၊ ခေါင်းကိုညိတ်တယ်။

"အဆင်ပြေပါတယ်"

ပြောပြီး ကိုဇော်ဇော်က တောက်တောက်ပပ ပြုံးတယ်။ ပြီးတော့ ခဏလေးနော်ဆိုပြီး နေရာကနေ ထတယ်။ မြင်ကွင်းထဲကနေ ကိုဇော်ဇော်ပျောက်ကွယ်သွားတော့ ကျွန်တော့်ရင်ထဲ မကောင်းလှ။

တအောင့်နေတော့ ကျွန်တော့်မြင်ကွင်းထဲကို ကိုဇော်ဇော် ပြန်ရောက်လာတယ်။

"Sorry ကွာ ရေနွေးအိုးတည်ထားတာ မေ့နေလို့"

"ရပါတယ်ဗျာ"

ဘာဆက်ပြောလို့ ပြောရမယ်မှန်း မသိတော့။ ကိုဇော်ဇော်လည်း အတူတူပဲထင်တယ်။ သူ့ဘက်ကလည်း ဘာစကားမှ ဆက်ထွက်မလာတော့ဘူး။ နောက် အတော်လေးကြာမှ အိပ်တော့လေတဲ့ ကိုဇော်ဇော်က ပြောလာတယ်။ ကျွန်တော် ဟုတ်ဆိုပြီး ခေါင်းညိတ်ပြတော့ ကိုဇော်ဇော်က ရယ်တယ်။ ပြီးတော့

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now