'မယ်တော် သွားဖို့အချိန်ရောက်ပါပြီ'

'သွားရအောင်'

အားလုံးထွက်သွားတော့မှ ဘတ်ဟျွန်း သက်ပြင်းချကာ အနောက်ကလိုက်သွားသည်။ အဲ့ဒါတွေကြောင့် သူမပြန်လာချင်တာ။

~~~~~~~~~~

အဖြူရောင်တိမ်တိုက်တွေကြားတွင် ရွှေရောင်တဖိတ်ဖိတ်တောက်ပနေသော တိုင်းပြည်ကြီးရှိသည်။ အားလုံးခေါ်ဝေါ်ကြသည်က နတ်ပြည်။ နတ်ပြည်ထက်အဆင့်မြင်သော နတ်ဘုရားတွေသာနေထိုင်သော နေရာအရပ်လည်းရှိသေးသည်။ တိုင်းပြည်သီးသန့်ရယ်လို့မရှိသော်လည်း ကမ္ဘာကြီးရှိနေသ၍ နေရာအစုံသည် သူတို့ပိုင်နက်ဖြစ်သည်။ မီး၊ ရေ၊ လေ၊ မြေ နှင့် တခြားသော နတ်ဘုရားသီးသန့်တွေလည်းရှိသည်။ အားလုံးကိုအုပ်စိုးထားသည်က ကံကြမ္မာနတ်မင်းကြီး။ ကောင်းသည် ဆိုးသည် ထက် သူရေးထားသော ကံကြမ္မာအတိုင်းသာ သက်ရှိအားလုံးအသက်ရှင်နေရသည်။ နတ်ဘုရားတွေတောင်မတွေ့ဖူးသော ကံကြမ္မာနတ်မင်းကြီးက ဆန်းကြယ်သောကိစ္စတွေပေါ်ထွက်လာမှသာ ရောက်လာတတ်သည်။ အစက်အပျောက်လေးအဖြစ်လည်းကောင်း၊ အလင်းရောင်လေးအဖြစ်လည်းကောင်း ရောက်လာတတ်ပြီး ဘယ်ပျောက်သွားမှန်းဘယ်သူမှမသိပေ။

လွန်ခဲ့တဲ့ နှစ်၂၀၀လောက်က ကံကြမ္မာနတ်မင်းကြီးက ကံကြမ္မာပေလွှာအလွတ်အမိန့်စာအား နတ်နဂါးတစ်ယောက်ဆီထည့်ပေးလိုက်သည်။

'အမြဲတမ်း သက်ရှိတွေအားလုံးရဲ့ ကံကြမ္မာကိုရေးလာခဲ့တော့ လောကကြီးက ပျင်းစရာကောင်းပြီး ငါလည်း အပြင်မထွက်ရတာ နှစ်ပေါင်းသောင်းချီနေပြီ။ သိန်းဂဏန်းမပြောင်းခင် ငါကိုယ်ထင်ပြရမယ့်ကိစ္စလေးပေါ်အောင် မင်းကို တာဝန်ပေးလိုက်မယ်။ တံဆိပ်တုံးပါ ကံကြမ္မာ ပေလွှာအလွတ်တစ်ရွက်ကို မင်းဆီပေးလိုက်မယ်။ မင်းရဲ့ကံကြမ္မာကို မင်းကိုယ်တိုင်ဖန်တီးပါ။ နောက်ပြီးတော့ ငါကိုယ်တိုင် ရောက်လာရမဲ့အထိ ဆန်းကြယ်တဲ့ကိစ္စတွေကို ဆောင်ရွက်ပေးပါ။ မင်းကငါ...ငါကမင်းပဲ....ဘတ်ဟျွန်း'

ထိုအချိန်မှစ၍ အစီအစဉ်တကျလည်ပတ်နေသော သုံးလောက၏ယန္တရားသည် စပြီး ယိုယွင်းလာခဲ့သည်။

ForevermoreWhere stories live. Discover now