"ဟား..ခင်ဗျားလေးက ကျုပ် တစ်ယောက်ယောက်ကို ခေါ်လာတာနဲ့..ကားတင်ပြေး အဟွာလုပ်ဖို့ပဲ ထင်နေသလား..ဟင်..စိတ်ချ..ကျုပ်က ခင်ဗျားတစ်ယောက်ကိုပဲ ရိုးမြေကျ လက်တွဲသွားမှာ..စိတ်မပူနဲ့"

"မှော်စက္ခ!!မင်း ကလေးအရှေ့မှာ..ပေါက်ကရတွေ မပြောစမ်းနဲ့..ငါမေးတာဖြေ..ငါ့အမေနဲ့ဦးလေး မဟုတ်ပဲ..မိနွယ်ကို ဘာလို့ ဒီခေါ်လာတာလဲ"

"ဒီလိုပါ..ဆရာရဲ့...အကိုစက္ခက မိနွယ်ကို အိမ်မှာ
အချက်အပြုတ် အိမ်မှုကိစ္စလုပ်ဖို့ ခေါ်လာတာပါ..ပြီးတော့ အကိုစက္ခက မိနွယ် မောင်လေးတွေကိုလည်း ကျောင်းစရိတ် နေရေးထိုင်ရေး ပညာသင်စရိတ်ကအစ တာဝန်ယူပေးထါး တယ်လေ..ဟီး..ဟီး..အဲ့ဒါကြောင့်"

အစကတော့ လူဆိူးကောင်ကို မိနွယ်ကို​ေခါ်လာလို့ ဆူညံပူညံလုပ်မလို့ပဲ။အခုမိနွယ်က အဆင်ပြေပြီး ပျော်နေတာမြင်တော့ ထွက်လုနီးနီး ဒေါသက ကြက်ပျောက်ငှက်ပျောက်။မှော်စက္ခ
ဆေးခန်းမှာ လာပြီး ဆွဲလားရမ်းလားလုပ်တုန်းက တိုင်မယ့်တောမယ့် မိနွယ် ဘယ်ရောက်သွားပါလဲ။တော်တော် အပြောင်းလဲမြန်တဲ့ မိနွယ်ပါလေ။

"ဆရာ..ဒီနေ့ဘာစားချင်လဲ..မိနွယ်ဘာချက်ပေးရမလဲ..ကြိုက်တာပြောနော်..မိနွယ်က မြန်မာထမင်းဟင်း အကုန်ချက်တတ်တယ်"

"ရတယ်..မိနွယ်..အခုမှ ရောက်တာမလား..နားနားနေနေ နေလိုက်ဦး.."

"..စံအိမ်ထဲသာ ဝင်သွားလိုက်..အဲ့မှာ ငါ့တပည့်မိုးစက်..မင်းနေရမယ့်အခန်းနဲ့ အိမ်အတွင်းပိုင်း ကို လိုက်ပြပေးလိမ့်မယ်"

"ဟုတ်..ကိုလေး စက္ခ"

မိနွယ် အိမ်ထဲ ဝင်သွားတော့ လေညှင်း သဘောကျတဲ့ သစ်ခွပန်းလေးတွေကို တစ်ပင်ချင်း လိုက်ကြည့်မိသည်။အခုချိန် အရင်လို ဖုန်းသာ လက်ထဲရှိနေရင် ရူ့ထောင့်အမျိုးမျိုးကနေ မှတ်တမ်းတင်ထားမိမှာ။

လေညှင်းက သစ်ခွပန်းလေးတွေကို ငယ်ငယ်လေးကတည်းက နှစ်သက်ခဲ့သည်။
ဒါ​ကြောင့်လည်း အိမ်က ပန်းခြံလေးမှာ သစ်ခွရောင်စုံလေးတွေကလွဲလို့ အခြားပန်းမျိုးစိတ်တွေ မရှိသလောက် ရှားသည်။

စေလိုရာစေ(Completed)Where stories live. Discover now