"ဘာ!..တရားဝင်..ဟုတ်လား..ဘယ်တုန်းကလဲ..ငါမသိခဲ့ပါလား..အာ..ဒါမှမဟုတ်..ခုနက အိပ်ရာပေါ်က ကိစ္စကို ဆင်ခြေလုပ်ပြီး တာဝန်ယူချင်တာဆိုရင်တော့..မလိုဘူး...ငါက ယောက်ျားတစ်ယောက်..မှော်စက္ခ..မင်းနဲ့တစ်ခါဖြစ်ဖူးတာနဲ့ ဗိုက်မကြီးသွားဘူး..အဲ့ဒါကြောင့် တရားဝင်တွေ ဘာတွေ သတ်မှတ်စရာမလိုဘူး"

"ရော့..အဲ့ဒီမှာ..လပ်ထပ်စာချုပ်..ဒါဆိုရင်ရော တရားဝင်ဖြစ်ဖို့ အကြောင်းပြချက်လိုသေးလား"

ကုတင်ပေါ် ပစ်ချပေးလါတဲ့ စာအိတ်ကို ဖွင့်ပြီးကြည့်လိုက်တော့ အဝါရောင် ဖဲပြားလေးနဲ့ ချည်ပြီး အလှဆင်ထားတဲ့ လပ်ထပ်စာချုပ် အယ်လ်ဘမ်။ပိုပြီး အံ့အားသင့်စေတာက ထို စာချုပ်ထဲမှာ လေညှင်းရဲ့ လက် မှတ်က အခန့်သားနေရာယူလို့ထားသည်။

"မဖြစ်..မဖြစ်နိုင်ဘူး...ဒီလက် မှတ်ကို ငါဘယ်တုန်းက ထိုးခဲ့ဖူးလို့လဲ..ဟမ်..ဒါ..ဒါ..ငါ့သဘောမပါဘဲ မင်းဘာသာလုပ်ထားတဲ့ လပ်ထပ်စာချုပ်အတုပဲ....မင်း​ေတာ ့သွက်သွက်ခါအောင် ရူးနေပြီ မှော်စက္ခ!"

"အတု..ဟုတ်လား..ခင်ဗျားသေချာကြည့်တတ်ရင် မြင်မှာပါ..စာချုပ်က အတုလား အစစ်လားဆိုတာ..အသိသက်သေ..ရှေ့နေ..ဒါတွေ အကုန်လုံး ပြည့်စုံနေတာ..ခင်ဗျားက အတုဆိုရင်လည်း အတုပေါ့..ဟက်"

"မဟုတ်ဘူး..စာချုပ်က အစစ်ဆိုရင်တောင် ငါ့လက်မှတ်က ပုံတူကူးထားတဲ့အတွက်...မင်းနဲ့ငါနဲ့က ဘာမှမသက်ဆိုင်ဘူး"

"ထားပါ..ခင်ဗျားဘက်က သတ်မှတ်ချင်သလို သတ်မှတ်..အဓိကက ခင်ဗျားမှာ ကာမပိုင် ယောက်ျားရှိသွားပြီ...ခင်ဗျားရဲ့စိတ်ရော ခန္ဓာပါ အလုံးစုံ ကျုပ်ပိုင်တယ်.
တခါတည်းသတိပေးထါးမယ်...အခုချိန်ကစပြီး ကျုပ်ကလွဲလို့ ဘယ်အကောင်နဲ့မှ
ပက်သက်ဖို့ မကြိုးစားနဲ့..ခင်ဗျားနဲ့ ပက်သက်တဲ့သူမှန်သမျှ..
အဲ့လူက ဘယ်သူပဲ ဖြစ်နေ ဖြစ်နေ ငရဲအထိ လိုက် သတ်ပစ်မှာ..မလုပ်ရဲဘူး မထင်နဲ့!..ပြီးတော့.. ကျုပ်ရင်ခွင်က
.ထွက်ပြေးဖို့ စိတ်တောင်မကူးနဲ့!..ဒီနေရာက တစ်လှမ်းရွေ့တာနဲ့..ခင်ဗျားကိုပါ သတ်ပစ်ပြီး ဝီညာဥ်ကို ချုပ်လှောင်ထားမှာ"

"မှော်စက္ခ!!မင်းဟာလေ သိပ်ကိုအတ္တကြီးလွန်းတဲ့
တကိုယ်ကောင်းသမား မင်းသိရဲ့လား!...အဲ့ဒါချစ်တာမဟုတ်ဘူး..
အနိုင်လိုချင်တာ..ငါ့ကို သက် မဲ့အရာဝတ္ထုတစ်ခုလို သဘောထားတာ..မင်းကိုအရမ်းမုန်းတယ်!!"

စေလိုရာစေ(Completed)Where stories live. Discover now