မိုင်တစ်ထောင်တေးဂီတ:[သိရင်ဘာလို့မေးနေတာလဲ]

မင်ရည်ရှာဖွေသူ:[အတည်ပြုမလို့လေ, မင်းဘာတွေကြံနေတာလဲ]

မိုင်တစ်ထောင်တေးဂီတ:[စန်းယွီနောက်မကျပါကိုမြူဆွယ်မလို့]

မင်ရည်ရှာဖွေသူ:[.......]

ဂိမ်းကုမ္ပဏီကလီရှို့ရဲ့အကောင့်ကိုပြန်ယူပေးဖို့ဆိုရင်လဝက်လောက်ကြာဦးမှာ အဲဒီအချိန်အတွင်းမှာလီရှို့ကအကောင့်အသစ်ကိုဖွင့်ရင်ဖွင့်...မဟုတ်ရင်အခြားသူရဲ့အကောင့်ကိုယူသုံးရုံပဲရှိလိမ့်မယ် အဲ့လိုဆိုရင်​တောင် သူသုံး​နေကျaccountလိုသက်​တောင့်သက်သာရှိမှာမဟုတ်ဘူး

အဲ့ဒါကြောင့်မို့လို့ရှီရှန်းကစန်းယွီကိုမြူဆွယ်ဖို့အစီအစဥ်​တွေဆွဲတော့တယ်

သူမကTaobaoမှာတင်​ရောင်းထားတဲ့အခြားနတ်သားမျိုးနွယ်စုcharacterတစ်ခုကို၀ယ်လိုက်တယ် အဲဒီဇာတ်ကောင်ကနတ်ဘုရားတိုင်ကွန်းလိုtypeဖြစ်ပြီးပုံစံကတကယ့်တာ့ရှန်းပုံစံမျိုးဖြစ်တယ်

သူမကနေ့တိုင်းကျရှုံးမှုမရှိဘဲနဲ့အခြားကစားသမားလေးတွေကို​မြေ​အောက်ဥမင်ရှင်းဖို့ခေါ်သွားတယ်

စစ်တုရင်ခုံပေါ်ကသူရဲကောင်း :[Level110ရှိတဲ့ဥမင်သွားရှင်းမယ်..လိုက်ချင်ရင်အဖွဲ့ထဲကိုဝင်ကြ]

သူမပေါ်ကျသွားတဲ့မိုးစက်လေး:[ငါ..ငါ...ငါ...,တာ့ရှန်း,ငါလည်းသွားချင်တယ်]

အမှောင်လောကသား:[ငါရောပဲ]

မရေရာသောအိမ်မက်.:[ငါရောပဲ]

စစ်တုရင်ပေါ်ကသူရဲကောင်း:[အဖွဲ့ပြည့်သွားပါပြီ]

ရှီရှန်းကအဖွဲ့ဝင်တွေကိုကြည့်လိုက်တဲ့အခါမှာစန်းယွီနောက်မကျပါကိုတွေ့လိုက်တော့ခပ်ပါးပါးလေးပြုံးလိုက်တယ်

သူမရဲ့အခုဇာတ်ကောင်ကဦးဆောင်မှုဘုတ်ပြားရဲ့၂၀နေရာမှာရှိတယ်လေ

မရေရာသောအိမ်မက်:[စန်းယွီနောက်မကျပါ, နင်ကဘာလို့ဒီမှာရှိနေတာလဲ]

စန်းယွီနောက်မကျပါ :[ငါကဘာလို့ရှိလို့မရရမှာလဲ]

မရေရာသောအိမ်မက်,:[နင်ကတာ့ရှန်းမရှိတာနဲ့ပဲသူများတကာကိုလိုက်မြူဆွယ်နေတာလား]

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now