💙Part.18💙(Finale)

842 67 31
                                    

(Unicode)

ထိုနေ့ညနေ ကျယ်ဟန်နဲ့ကုန်းကျွင်း အခန်းရဲ့လေသာဆောင်မှာယှဉ်တွဲရပ်နေရင်း Adriatic ပင်လယ်ပြာပြာဘက်ခြမ်းသို့တဖြေးတဖြေး ၀င်သွားသော နေ၀င်ချိန်ကို ရွှေဝါရောင်သန်းနေသော ကောင်းကင်ရဲ့အောက်မှာ ကြည့်နေခဲ့ကြသည်။ထိုအချိန်သည် ကျယ်ဟန်အလိုချင်ခဲ့ဆုံးသောအချိန်တခုပင်ဖြစ်သည်။ဘေးတွင်ကပ်လျက်ရပ်နေသော ကုန်းကျွင်း၏မျက်နှာထက်တွင် နေ၏အလင်းရောင်ဝါဝါသည်ရောင်ပြန်ဟက်လျက်ရှိပြီး ပြုံးနေသောထိုအပြုံးသည် ကျယ်ဟန်မြင်ဖူးသမျှထဲတွင်အလှဆုံးအပြုံးဖြစ်သည်။

"ကျွင်းကျွင်း"

"အွန်းကောပြောလေ ကျွန်တော်နားထောင်နေတယ်။"

"ကောအရင်ကတည်းကအိမ်မက်တစ်ခုရှိတယ်။အဲ့တာက အခုလိုမျိုးအေးချမ်းတဲ့ဒီလိုနေရာကိုကိုယ်ချစ်တဲ့လူနဲ့အတူတူလာ‌ေနပြီး အခုလိုနေ၀င်ချိန်ကိုကြည့်ချင်တာ။အဲ့လိုမျိုးအတွေးကအရင်ကရူးကြောင်ကြောင်နိုင်တယ်လို့ထင်ခဲ့မိပေမယ့် အခုအဲ့ဒီအတွေးက ကိုယ့်အရှေ့မှာအမှန်ဖြစ်နေခဲ့တယ်။"

ထို့နောက် ကုန်းကျွင်း အနည်းငယ်ကြာအောင်စဉ်းစားပြီးနောက် ကျယ်ဟန်ကိုပြောလိုက်သည်။

"ကော..ကျွန်တော်တို့နှစ်ယောက်တည်း အားလုံးကိုစွန့်လွှတ်ပြီး ဘယ်သူမှမရှိတဲ့ဒီမှာအသက်ကြီးပြီးအိုမင်းတဲ့အထိလာနေကြမလားဟင်။"

ထိုအခါ ကျယ်ဟန်ထူးဆန်း‌သွားသောမျက်လုံးတို့ဖြင့် ကုန်းကျွင်းကိုလှည့်ကြည့်လိုက်ကာ

"အမ် ကျွင်းကျွင်းမင်းဘာပြောလိုက်တာလဲဟင်။"

ထိုအခါကုန်းကျွင်းမိမိပြောလိုက်သည်က ဘောင်ကျော်သွားခဲ့မိပြီလားဟူ၍တွေးမိလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး ကျွန်တော်ဒီတိုင်းပဲပြောလိုက်တာပါ။ကောမတွေးနဲ့တော့။"

ကျယ်ဟန် ၀ရံတာတန်းပေါ်တွင်တင်ထားသော ကုန်းကျွင်းလက်ဆီသို့ ဖြေးဖြေးချင်းထိကိုင်လိုက်ကာ

"ခဏလေးပဲစောင့်ပေးပါ။‌အရာအာလုံးကိုရှင်းလင်းအောင်လုပ်ပြီးရင်ကျွင်းကျွင်း တစ်ဘ၀လုံးမင်းအနားမှာပဲနေမှာမို့လို့။"

Closer To You(မြတ်နိုးမှု့ဖြင့်စတင်သည်) Zawgyi+Unicode[Completed]Where stories live. Discover now