💙 Part.16💙

491 63 5
                                    

(Unicode)

ကျယ်ဟန် ဖုန်းမှတစ်ဆင့်မိမိအတွက်မွေးနေ့ဆုတောင်းပေးထားတာတွေကိုကြညိ့ရင်း တော်တော်လေးပျော်နေမိသည်။ ထိုစဉ် Group chatမှ စာပို့လာသည့် ယွီလန်နှင့်လုပ်ဖော် ကိုင်ဖက်တချို့

"ရှောင်ကျယ် ဒီနေ့ မင်းအတွက် မွေးနေ့ပွဲလုပ်ပေးဖို့ရှိတယ်။ညနေကျရင်လာခေါ်မယ်။မလိုက်ခဲ့လို့မရဘူး မလိုက်ရင်ငါကိုယ်တိုင်ဆွဲခေါ်လာမှာ။"

ကျယ်ဟန် မိမိမွေးနေ့ကိုဘယ်တုန်းကမှတခမ်းတနားမလုပ်ဖူးခဲ့။ထိုသို့လုပ်ရန်လည်းစိတ်မပါခဲ့။ကျယ်ဟန် အွန်းတစ်လုံးတည်းသာပြန်ပို့လိုက်ပြီး တခုခုကိုစဉ်းစားနေခဲ့တယ်။

"ငါရဲ့ဆေးရုံမှတ်တမ်း ကိုယွီလန်ဘယ်နားမှာထားတာပါလိမ့်။"
ကျယ်ဟန်ဟိုမွှေဒီမွှေနဲ့ဆေးရုံမှတ်တမ်းကိုရှာနေခဲ့တယ်။နောက်ဆုံး၌ အံ့ဆွဲအောက်ဆုံးမှထွက်လာခဲ့သည့်စာအိတ်ထဲမှဆေးရုံမှတ်တမ်းစာရွက်။

"ဟွမ်ယုမင်"
စာရွက်အရှေ့ရှိတာ၀န်ခံဆရာ၀န်၏နာမည်ကို‌ေရရွတ်လိုက်သည်။ကျယ်ဟန်ရှာနေသည်မှာလည်းထိုအရာပင်။
"သူကတော့ ဘာတွေဖြစ်ခဲ့တာလဲဆိုတာသိနိုင်တယ်မလား။ယွီလန်သာ သွားတာသိရင်ပြောနေဦးမှာ အခုပဲသွားလိုက်တာကောင်းမယ်။"
ကျယ်ဟန်အ၀တ်အစားခပ်မြန်မြန်လဲလိုက်ပြီး သွားဖို့ပြင်ပြီးမှ ထိုဆေးရုံစာအိတ်ကိုသေချာကြည့်မိလိုက်သည်။

"အမ်....‌‌ဒါ ကကျွင်းကျွင်းရဲ့ဆေးရုံမဟုတ်ဘူးလား။ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ အဲ့လောက်တောင်တိုက်ဆိုင်နေရတာလဲ။"

ကျယ်ဟန်မသွားခင်ထိုင်နေရင်းခဏလောက်ရှိသမျှ အကြံထုတ်နေခဲ့တယ်။

"အေးလေ ငါရုပ်ဖျက်သွားလို့ရတာပဲ။အဲ့တာဆိုအကုန်လံုးဘယ်သူမှလည်းမမှတ်မိလောက်တော့ဘူး။"

ထို့နောက် ခြံတံခါးကိုသေချာပိတ်ပြီးအိမ်မှထွက်မည်အလုပ် စာပုံးလေးထဲ၌ မြင်သာအောင်အထဲထိမထည့်ထားတဲ့စာတစ်စောင်ကိုတွေ့လိုက်သည်။
ကျယ်ဟန် ရေးထားသောစာသားကိုကြည့်လိုက်တာနှင့် ဘယ်သူဘယ်ဝါမှန်းတန်းသိလိုက်သည်။

["ကော ကျွန်တော်ဒီနေ့မနက် ဆေးရုံမှာ အချိန်ပိုဆင်းရမှာမလို့ စောစောထွက်သွားလိုက်တာ။အစောကြီးမို့လို့ ကောနိုးသွားမှာဆိုးလို့မပြောတော့တာပါ။ဒါပေမယ့်ညနေကျရင် ကျွန်တော့်ကိုစောင့်နေနော်။"]

Closer To You(မြတ်နိုးမှု့ဖြင့်စတင်သည်) Zawgyi+Unicode[Completed]Where stories live. Discover now