💙Part.12💙

480 64 10
                                    

(Unicode)

ကုန်းကျွင်း ထိုနေ့ညက ကျယ်ဟန်တို့အိမ်ရှေ့မှာ အတော်ကြာ ဖုန်းနဲ့မျက်နှာချင်းဆိုင် စကားပြောပြီးမှ ပြန်ခဲ့တယ်။

ကျယ်ဟန် အိမ်ကိုနှုတ်ဆက်ခဲ့ပြီး ပေကျင်းသို့ပြန်အရောက် ဖြေရှင်းဖို့ပြသနာများကလည်းဆီးကြိုနေတယ်။ မိမိသူဌေးကတွေ့ချင် သည်ဆို၍ လေးလံလှသောခြေလှမ်းများဖြင့် သွားနေခဲ့သည်။

"သူဌေး ကျွန်တော့်ကိုတွေ့ချငိတယ်ဆိုလို့။"

"အွန်း ဟုတ်တယ် ကျယ်ဟန် ထိုင်ပါဦး။"

ကျယ်ဟန်၏ သူဌေးသည် မိမိအပေါ်တွင် အလွန်အားကိုးယုံကြည်သည်ကိုလည်းသိသည်။သာမန်ကိစ္စနှင့်တော့ထိုနေရာထိခေါ်တွေ့မည်မဟုတ်။

"သူဌေး ကျွန်တော့်ကိုဘာပြောစရာရှိလို့လဲမသိဘူး။"

"ကျယ်ဟန် မင်းလည်း ဒီပျံ့နှံ့နေတဲ့ သတင်းတွေတွေ့ပြီးပြီပေါ့။ဒါကဘာကြောင့်ဒီလိုဖြစ်သွားတာလဲတော့မသိဘူး။ဒါပေမယ့် ကျယ်ဟန် အခု မင်းနဲ့ကြော်ငြာတွဲရိုက်မယ့်ကုမ္ပဏီတွေ၊စီးပွားရေးလုပ်ငန်းရှင်တွေကစဉ်းစားကုန်ပြီ။"

"ဟုတ်ကဲ့ ကျွန်တော်သိပါတယ်။ဒါကကျွန်တော့်ကြောင့်ဖြစ်တာမို့ သူဌေးတို့ကိုမထိခိုက်စေရပါဘူး။"

ထို့နောက် သူဌေးထောင် မျက်နှာတွင်စိတ်ပူသောအရိပ်အခြေဖျက်သန်းသွားသည်။

"မဟုတ်ဘူးကျယ်ဟန် ငါတို့ကမင်းကိုစိတ်ပူတာ။အခုမင်းကို အစတည်းကတိုက်ခိုက်ချင်နေတဲ့သူတွေရဲ့ အကွက်ထဲလှလှပပရောက်သွားသလိုဖြစ်သွားတယ်။ ကျယ်ဟန်....မင်းကအရမ်း တက်လမ်းရှိတဲ့ ထွန်လင်းရဦးမယ့်ကြယ်ပွင့်တစ်ပွင့်ပါ။ဒီတိုင်းလက်မလွှတ်လိုက်ချင်ဘူး နောကိပြီးဒါမင်းမြတ်နိုးရတဲ့အလုပ်လေ။အကုန်လုံးကဒါနဲ့ပတ်သတ်ပြီးဖြေရှင်းချက် လိုချင်နေတယ်။ပြီးတော့ ငါရော ဒါရိုက်တာ၀မ်ရောမင်းဘက်ကပဲကျယ်ဟန်။သေချာစဉ်းစားပါ။"

"ဟုတ်ကဲ့ပါ။"
ကျယ်ဟန် ဘာမှထွေထွေထူးထူးထပ်‌မပြောတော့ဘဲ သူဌေးကိုနှုတ်ဆက်ပြီးထွက်လာလိုက်တယ်။

ကုန်းကျွင်း ကျောင်းမှအပြန်အိမ်ရှေ့၌စောင့်နေတဲ့ ဒေါ်လေးဝူ။ ဒေါ်လေးဝူကပုံမှန်ဆို အပြင်မှာထွက်မစောင့်တတ် ထိုနေ့မှထူးထူးဆန်းဆန်း ကုန်းကျွင်းအလာကိုမျှော်နေသလိုပင်။

Closer To You(မြတ်နိုးမှု့ဖြင့်စတင်သည်) Zawgyi+Unicode[Completed]Where stories live. Discover now