💙Part.14💙

513 69 13
                                    

(Unicode)

ကျယ်ဟန် တံခါးဖွင့်ပေးပြီးတာနဲ့ ထိုလူထက်အလျင်အမြန် အိမ်ထဲ၀င်ရန်အလုပ် လက်မောင်းထံမှမတင်းမကြပ်ဖွဖွလာကိုင်သော ခံစားချက်ကိုရလိုက်သည်။

"ကျွန်တော်တွဲပေးမယ် ဖြေးဖြေးလျှောက်လဲကျနေလိမ့်မယ်။"

ကျယ်ဟန် မိမိမသိသော လူတစ်ယောက်က ထိုသို့အနူးညံ့ဆုံးလေသံဖြင့်ပြောလာသည်မှာ ပထမဆုံးဖြစ်သည်။ဘာမှအထွန့်တက်မပြောတော့ဘဲ တွဲထားတဲ့အတိုင်းသာတူတူလျှောက်သွားလိုက်သည်။

"ညကခြေထောက် ကကိုက်နေသေးလား။နေရတာဘယ်လိုနေသေးလဲ ဟင်။အခုတော်တော်ရောင်နေတယ်။ကောဘာ‌လုပ်ထားလို့လဲ။ကျွန်တော်အနားယူပါလို့ပြောထားတယ်မဟုတ်ဘူးလားဟမ်။"
ခြေထောက်ကို ကိုင်ကြည့်လျက်မရပ်မနား‌ပင်ပြောလာသည်။

စကားနားမထောင်သောလူနာအားဆူပူနေပုံပေါ်သော်လည်း အမှန်ကမူ စကားနားမထောင်သောကလေးအား နောက်ထပ်မလုပ်အောင်ချော့ပြောနေပုံနှင့်ပိုတူနေသည်။

"ဘာမှမလုပ်ပါဘူး ခြေထောက်ကဒီလိုဖြစ်နေတာဘာလုပ်လို့ရမှာလဲ ထိုင်နေရတာပေါ့။"

ကျယ်ဟန်မျက်နှာပြောင်ဖြင့် ဘာမှမလုပ်ခဲ့တဲ့အတိုင်းခပ်တည်တည်ဖြင့်ပြောနေသည်။

"ဒါနဲ့ ဒီကဒေါက်တာကျွန်တော့်အိမ်ဘယ်လိုသိတာလဲ။ပြီး‌ေတာ့ကျွန်တော် ဆေးရုံကိုလာခဲ့မယ်လို့ပြောတယ်လေ။မဟုတ်ဘူးလား။"

ထိုအခါ‌ ‌ဘာမှပြန်မပြောဘဲ တစ်နေရာကိုစူးစူးစိုက်စိုက်ကြည့်နေလျက်

"ကော....ဒီလက်ကရောဘာဖြစ်တာလဲ။"

ကျယ်ဟန် မိမိပင်သတိမထားမိခဲ့ဘဲနေနေခဲ့မိသည့် ထိုအရာကို ကုန်းကျွင်းကသတိပြုမိသွားသည်။

"အာ.....ဘာမှမဖြစ်ပါဘူး ဒီတိုင်းအပူဟပ်မိတာ။ရတယ်။ဒါနဲ့ ကော ကောအဲ့လိုခေါ်နေတာအဆင်မပြေဘူးလားလို့တခြားဟာပြောင်းခေါ်ပါလား။ကျွန်တော့်နာမည်သိတယ်မလား ကျယ်ဟန် ကျန်းကျယ်ဟန်ဆိုတာ"

ကျယ်ဟန်စကားအများကြီးပြောလိုကိသော်လည်း ထိုစကားကိုနားထောင်နေပြီးအဖြေပြန်မလာဘဲ ဒဏ်ရာနှင့်လက်ကိုသာဆွဲယူလျက်

Closer To You(မြတ်နိုးမှု့ဖြင့်စတင်သည်) Zawgyi+Unicode[Completed]Where stories live. Discover now