သူ့စကားကြောင့် သူ့ခေါင်းကို ဖွဖွကိုင်ကာ ကြင်နာစွာ ပြုံးပြသည်.....
သူ့အပြုံးတွေက နွေးထွေးလှပြီး လုံခြုံသွားသလို ခံစားရသည်.....

"ရတာပေါ့... ကိုကို့ကိုလဲ ကျွန်တော်က ဘာမှအဖြစ်မခံနိုင်ပါဘူး... ကျွန်တော်တို့ဘေးမှာ bodyguard တွေလဲ ပါမှာပဲလေ... ''

"အင်း.အင်း....''

အပြင်လိုက်ရမယ်ဆိုသဖြင့် ရှောင်းကျန့်တစ်ယောက် အပျော်လွန်ပြီး.ပြုံးရယ်နေသော်လည်း
စိတ်မကောင်းပုံနှင့် သူ့ခေါင်းကို လက်ဝါးဖြင့် ခပ်ဖွဖွအုပ်ကိုင်ထားသော ရိပေါ်၏ အမူအယာ
တို့ကို နားမလည်ပုံမျိုးဖြင့် ကြည့်နေလေသည်...

ရှောင်းကျန့်....ခင်များပဲ ဖြစ်နေစေချင်ပါတယ်.
ခင်များခန္ဓာကိုယ်မှာ.ခင်များပဲ ဖြစ်နေဖို့ ဆုတောင်းပါတယ်
မနက်ဖြန် ကျွန်တော်သွားမှာက ပရောဂနှင်တဲ့ နတ်ဆရာဆိုတာကိုတော့ ခင်များကို မပြောရက်
ခဲ့ဘူး..... ကျွန်တော့်အတွေးတွေ လွန်နေတာပဲ ဖြစ်ပါစေ....

.
.
.

ကွမ်ရှီပြည်နယ် တောင်ပေါ်ဒေသကနေ ပေကျင်းမှာ လာရောက်အခြေချနေထိုင်ပြီး ပရောဂနှင်
သည့်အလုပ် ၊ ပရလောကသားတွေနှင့် ဆက်သွယ်လိုသော မိသားစုများ၏ လိုအင်များကို ဖြည့်
စွမ်းပေးသော အလုပ်များဖြင့် နာမည်ကြီးလျှက်ရှိသော နတ်ဆရာတစ်ဉီး၏ ကိုယ်ပိုင် နတ်နန်း
သို့ ခေတ်ပညာတတ်လူငယ်ဖြစ်သော ဝမ်ရိပေါ်တစ်ယောက် bodyguard များလိုက်ပါစောင့်
ရှောက်လျှက် ကားနှစ်စီးဖြင့် ရောက်ရှိလာလေသည်...

သူလို ကိုယ်လို လူငယ်များလိုပင်...ရှေးရိုးစွဲယုံကြည်မှုတို့ မရှိသည့် ဝမ်ရိပေါ်မှာ.ရှောင်းကျန့်
အတိတ်မေ့ခြင်းအပေါ် သွေးရိုးသားရိုးမဟုတ်ဟု ယူဆပြီးသည်နှင့် ကုသနည်းလမ်းပေါင်းမျိုးစုံ
အား ရှာဖွေပြီးနောက် ယခုကဲ့သို့ နတ်ဆရာ ကျောက်ဖူးလုံ၏ နတ်နန်းသို့ ရောက်ရှိလာခြင်း
ဖြစ်လေသည်...

Driver နှင့် bodyguard များမှာ ဘာအကြောင်းကြောင့် နတ်ဆရာဆီသို့ ရောက်ရှိလာကြမှန်း
မသိသော်လည်း သူတို့၏ boss အား အကျိုးအကြောင်းမေးရန် မဝံ့ရဲသဖြင့် ထားခဲ့သည့်နေရာ
မှာသာ ငြိမ်သက်စွာရပ်လို့ ကျန်ခဲ့လေသည်...

ကမ္ဘာ တစ်ဖက်ခြားWhere stories live. Discover now