သုံးရက်ခန့်ကြာပြီးနောက်

နန်းတော်တစ်ခုလုံး အေးချမ်းတိတ်ဆိတ်နေခဲ့တယ်။ဝမ်ဘုရင်မင်းမြတ်ဟာလည်း သားတော်သေဆုံးမှုအတွက် လုပ်ကြံသူကို ရှာဖွေနေရက်နဲ့တောင် အေးဆေးလွန်းတယ်။မင်းသားလေးရဲ့ ရယ်သံတွေနဲ့ ပြည့်နေရမဲ့ နန်းတော်ကြီးဟာ ခြောက်ကပ်ကပ်နိုင်တယ်။အဖြူရောင်ဝတ်ရုံတွေကို ထုံးတမ်းအစဥ်အလာအရ ဝတ်ဆင်ထားကြပေမဲ့ လူအားလုံးက မင်းသားလေးရဲ့ အရေးနဲ့ ပတ်သက်ပြီး ဘာမှမပြောကြတော့ဘူး။ဒါပေမဲ့ အရှေ့ဘက်က ကြင်ယာတော်ရဲ့ သီးသန့်နန်းဆောင်ကတော့ ကွဲပြားနေတယ်။

* ခွမ်း *
"ထွက်သွားစမ်း သွားကြ !!!"

"မယ်မယ် ဆေးသောက်ရပါမယ် အစာမစားတာ နှစ်ပတ်ပြည့်လုနီးနီးမို့....."

"ထွက်သွားလို့ ပြောနေတယ်လေ ထွက်သွား!!! "

အမြဲလိုလိုအေးချမ်းပြီး အပြုံးလေးနဲ့ နေတတ်တဲ့ ကြင်ယာတော်ဟာ မင်းသားလေးသေဆုံးပြီးနောက်ပိုင်း မျက်ရည်အသွယ်သွယ်နဲ့ရယ်။ခစားရတဲ့ အပျိုတော်တွေဟာလည်း မယ်မယ့်ရဲ့ ခံစားနေရပုံကို ကြည့်မနေနိုင်တော့ဘူး။အစာကို ချော့မော့ကျွေးလို့ ဆေးတိုက်ဖို့ ပြင်ပေမဲ့ အနားတောင် အကပ်မခံတဲ့ မယ်မယ်။

"ထွက်သွား ထွက်သွားပေးကြပါလို့ အင့် အီး ဟီး ရိကျန့်လေး...သားတော်!! "

နန်းဆောင်တံခါးကို ပိတ်လို့ ငိုကြွေးနေတဲ့ မယ်မယ်ကြောင့် အပြင်ဘက်က ရဲမက်တွေဟာလည်း အံကိုတင်းတင်းကြိတ်လို့ ကျလုဆဲဆဲ မျက်ရည်တွေကို ထိန်းချုပ်ထားရတယ်။

ထိုစဥ် ရုတ်တရက်တိတ်ဆိတ်သွားတဲ့ နန်းဆောင်အခြေအနေကြောင့် ရဲမက်တွေရော အပျိုတော်တွေပါ ပြာသွားရတယ်။ရဲမက်တွေပေါင်းလို့ နန်းဆောင်တံခါးကို ဖွင့်နေပေမဲ့ အတွင်းက တစ်ခုခုခံထားပုံရတဲ့ တံခါးဟာ ပွင့်မလာခဲ့ဘူး။

"မယ်မယ် တံခါးဖွင့်ပါဦး မယ်မယ်!!"

အပြင်ဘက်က ဘယ်လောက်ထုထု ပွင့်မလာတဲ့တံခါးနဲ့ ပြန်ဖြေခြင်းမရှိတဲ့ ကြင်ယာတော်ကြောင့် အပျိုတော်တချို့ဟာ မင်းကြီးဆီသွားရောက်နေပြီ။အတွင်းဘက်က ကြင်ယာတော်ဟာဖြင့် အဆိပ်ပုလင်းအသေးလေးကို လက်ထဲကိုင်လို့ရယ်။ကျစ်နေအောင် ဖက်ထားတဲ့ မင်းသားလေးအတွက် ကိုယ်တိုင်ချုပ်ထည်တွေနဲ့။

𝙇𝙚𝙜𝙚𝙣𝙙 𝙊𝙛 𝙓𝙞𝙖𝙤..... Where stories live. Discover now