........

ရှီရှန်းက သူမရဲ့ကိုယ်ပိုင်accountကိုပိတ်ပြီး သစ်သားချူလုံး​လေးရဲ့accountကိုသုံးပြီးလ​ရောင်​အောက်က၄​ယောက်နဲ့ စကားစမြည်​ပြော​နေတယ်
မင်ရည်ရှာ​ဖွေသူနဲ့သူမ မရှိ​တော့  serverကြီးက ငြိမ်းချမ်း​နေတာပဲ...

ရှီရှန်းကပျင်းလွန်းလို့ ရွှံ့​တွေ​ကောက်စားပစ်လိုက်ချင်စိတ်​တောင်​ပေါက်လာတယ် ခနအကြာမှာ​တော့ ကစားရတာ ပျင်းလာတယ်  ပြသနာမီး​မွှေးမယ့်သူ​တွေမရှိ​တော့  ဂိမ်းထဲ၀င်ရတာ​တောင် ​ခြောက်ကပ်ကပ်နဲ့....

ရှီရှန်းလည်း ဂိမ်းထဲကထွက်ပြီး အိပ်ရာ၀င်သွားတယ်
​နောက်ရက်​​တွေမှာ ​ကျောင်းတက်ရတာ​ကြောင့် ဂိမ်း​ဆော့ဖို့အတွက် အချိန်များများစားစားမရှိ​ပေမယ့် ရှီရှန်းက အားတဲ့အချိန်​ခနလေးမှာ​တော့ ဂိမ်းထဲကို၀င်ပြီး hidden questရဲ့အ​ခြေအ​နေကို ကြည့်​လေ့ရှိတယ်
ရှီရှန်းက အရင်တစ်ခါထွက်သွားပြီးကတည်းက သူမရဲ့ မိုင်တစ်​ထောင်​တေးဂီတaccountထဲကို မ၀င်ဖြစ်တာ ၃ရက်ရှိပြီ
အခုပြန်၀င်​တော့ သူမရဲ့characterက အရင်တစ်ခါထားခဲ့တဲ့​နေရာမှာမရှိ​တော့ဘဲ ​နေရာအသစ်တစ်ခုထဲကို​ရောက်​နေပြီ
Hidden questကလည်း ခေါင်းစဥ်အသစ်ကိုပြန်​ပြောင်းသွားပြီ
ရှီရှန်းက သူမcharacterရဲ့​ဘေးကသူကိုတိတ်တဆိတ်ကြည့်​နေလိုက်တယ်

မိုင်တစ်​ထောင်​တေးဂီတ : [ ငါ့accountကိုhackပြီး​ဆော့တာ​တော့ သိပ်မ​ကောင်းဘူးထင်တယ်​နော်..]

မင်ရည်ရှာ​ဖွေသူ : [......ငါသာ အဲ့လိုမလုပ်ရင် hidden questက ဒီတစ်သက်ပြီးပါအုံးမလား..]

မိုင်တစ်​ထောင်​တေးဂီတ : [.......]

ရှီရှန်းမှာ ဘာမှပြန်​ပြောစရာမရှိ​တော့ဘူး

မိုင်တစ်​ထောင်​တေးဂီတ : [အဲ့ဒါဆိုရင်လည်း questကို နင်တစ်​ယောက်တည်းသာလုပ်လိုက်​တော့ ]

'..နင်နဲ့မကစားချင်​တော့ဘူး..'
ရှီရှန်းက ဂိမ်းထဲကအမြန်ထွက်သွားတာ​ကြောင့် မင်ရည်ရှာ​ဖွေသူပို့လိုက်တဲ့စာကို မဖတ်လိုက်ရဘူး

မင်ရည်ရှာ​ဖွေသူ : [..ခန​လေး..]

ကျီယန်က ဒီမိန်းက​လေးကိုတကယ်နားမလည်နိုင်​တော့ဘူး 
'ငါသူ့accountကိုhackပြီး​ဆော့တာ​တောင် အမူအရာက ​အေး​အေး​ဆေး​ဆေးဖြစ်​နေတာပါလား...ငါသူ့accountကို ခိုးပြီး ​ရောင်းပစ်လိုက်မှာ မ​ကြောက်ဖူးလား..'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now