နတ်ဘုရားတိုင်ကွန်း : [ အင်း...သူအခု အိပ်​ပျော်​နေတုန်းပဲ...]

သစ်သားချူလုံး​လေး : [.......]
'ဒီထက်ပိုပြီး ရှင်းစရာမရှိ​တော့ဘူး...'

လ​ရောင်​အောက်ကအမူးသမား : [...သူရှိ​နေရင်​တောင် ဘာမှအသုံး၀င်မှာမဟုတ်ဘူး...ဂီတ​လေးက IQမြင့်တဲ့သူ​တွေကိုပဲလိုချင်တာ.... ]

လ​ရောင်​အောက်ကမုတ်သုန်​လေ : [ အင်း... ဟုတ်သားပဲ..*အဟမ်း* အဓိကအ​ကြောင်းအရာကိုပြန်သွားကြရ​အောင်..]

လ​ရောင်​အောက်ကပန်းသီးစိတ်ရဲရဲ​လေး : [ ဆို​တော့... ​ဂီတ​လေး.....မင်းကအခု လျှို့၀ှက်နယ်​မြေမှာ​ရောက်​နေတာ​ပေါ့..]

သစ်သားချူလုံး​လေး : [... အင်း...NPCကို​တွေ့ပြီးပြီ..ဒါ​ပေမယ့် ငါဘာလုပ်လုပ် သူမဘက်က ဘာမှမတုန့်ပြန်လာဘူး..]

လ​ရောင်​အောက်ကပန်းသီးစိတ်ရဲရဲ​လေး : [..NPCကဘာ​ပြောလဲ..]

သစ်သားချူလုံး​လေး : [...သူမက "မင်းကို သူလွှတ်လိုက်တာလား " လို့​မေးတယ် အ​ဖြေမှာ  "yes" or "no" နှစ်ခုပဲ ​ရွေးစရာ​ပေးထား​ပေမယ့်  အဲ့၂ခုလုံးက မမှန်ဘူးတဲ့.. ဟား....တကယ်ပဲ...ဂိမ်းတီထွင်သူ​တွေက ကစားသူ​တွေကို ဦး​နှောက်စား​အောင်တကယ်လုပ်တတ်တယ် ]

လ​ရောင်​အောက်ကပန်းသီးစိတ်ရဲရဲ​လေး : [  ငါ ဂိမ်းရဲ့websiteကို ရှာကြည့်ပြီးပြီ..updateလုပ်တဲ့ ကိစ္စနဲ့ပတ်သက်တာ​တွေပဲ​တွေ့တယ်  ဂိမ်းရဲ့သမိုင်း​ကြောင်းအတိအကျကို အခုထိတင်မ​ပေး​သေးဘူး...ဒါ​ပေမယ့် ငါတို့မှာ အားကိုးစရာ ကုန်ကြမ်းအချက်အလက်တစ်ခု​တော့ရှိပါတယ်..]

လ​ရောင်​အောက်ကအမူးသမား : [.. နတ်ဘုရားနှင့်မ​ကောင်းဆိုး၀ါးတို့၏ကုန်း​မြေ မူရင်း၀တ္ထု..]

'မူရင်း၀တ္ထု?...ဒီဂိမ်းမှာ မူရင်း၀တ္ထုရှိတယ်လို့ ခြူးယွင်ရှီးရဲ့ မှတ်ညဏ်​တွေထဲမှာ မပါပါလား...? ..'

လ​ရောင်​အောက်ကမုတ်သုန်​လေ : [ ဇာတ်​ကြောင်းက​တော့ တကယ့်ကို က​ပေါက်တိက​ပေါက်ချာ အစုတ်အပျက်ပဲ..ဘယ်​နေရာမှာမှတန်ဖိုးမရှိဘူး..]

သစ်သားချူလုံး​လေး : [......]

' စာ​ရေးဆရာသာကြားရင် နင့်ကိုရိုက်သတ်ပစ်လိုက်လိမ့်မယ်..ဘာပဲ​ပြော​​ပြောသူ့အတွက်​တော့ ဒီ၀တ္ထုက သူ့ရဲ့နှလုံးသားထဲက​နေ ခဲရာခဲဆစ် ထွက်လာရတဲ့ အဖိုးတန်တစ်ခုပဲ ...ပြီး​တော့ နင်​ပြောသလို အစုတ်အပျက်သာဆိုရင် ဘာဖြစ်လို့ ဂိမ်း အဖြစ်​တောင်ပြန်အသက်သွင်းထားရတာလဲ .အဲ့ဒါကလည်း လူတိုင်းကြိုက်တဲ့ ဒိတ်ဒိတ်ကြဲဂိမ်းဖြစ်​နေတာ​နော်..'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now