Part - 6 (Unicode)

Start from the beginning
                                        

Yoongi: ဒါဆိုလဲ ဒီဆိုင်မှာပဲ ကိစ္စရှင်းလိုက်ကြတာပေါ့။
.
.
.
ခုနက store ဆိုင်ထဲမှာ ကျနော်တို့ soda တစ်ယောက် တစ်ခွက်နဲ့ ထိုင်နေကြတာ။
ဘယ်သူမှ စကား စမြည် စပြောဖို့ အစီအစဉ်လဲ မရှိဘူး။ Hoseok ကိုကြည့်ရတာတော့ ငိုင်ပြီး ပင်ပန်းနေတဲ့ မျက်လုံးတွေနဲ့၊
တကယ်ပဲ အကြောင်းရှိခဲ့လို့ မလာနိုင်ခဲ့တာလား။

Yoongi: ဟိုနေ့က ..... အင်း.... ကျေးဇူးတင်ပါတယ်။ ဒီတိုင်း ရန်စရှိခဲ့တဲ့ကောင်တွေလေ။

Hoseok: အင်း...ဒဏ်ရာတွေ အဲ့နေ့က အများကြီး ရသွားတာ အဆင်ပြေရဲ့လား

Yoongi: မပြေလို့ နောက်တနေ့တောင် ကျောင်းမတက်နိုင်ဘူး

Hoseok: အော်... အခုရော အဲ့နေ့က ဆေးခန်းလဲ မသွားတော့..

Yoongi: သက်သာလာပြီလို့ပြောနိုင်ပါတယ်

Hoseok: Min ...အာ... Yoongi shi က cafe မှာအလုပ်လုပ်တာ ကြာပြီလား

Yoongi: အင်း အရမ်းမကြာသေးပါဘူး လပိုင်းလောက်ပါပဲ

Hoseok: cafe လေးက ကော်ဖီတော့ အရမ်းကောင်းတာ။ ကျနော်က ကော်ဖီတော့ အရမ်းမသောက်တတ်ဘူး။ ဒါပေမယ့် အဲ့နေ့က ကော်ဖီက တကယ် ကောင်းတာ

Yoongi: ကျေးဇူးပဲ

Hoseok: ဟင်....

Yoongi: ကျနော် ကိုယ်တိုင် ဖျော်တာလေ။ အဲ့ဆိုင်မှာ အလုပ်သမား သိပ်မရှိဘူး။ စားပွဲထိုးလဲ ကိုယ်ပဲ၊ အဖျော်ဆရာလဲ ကိုယ်ပဲ

Hoseok: Yoongi shi က ဒါဆို ကော်ဖီကောင်းကောင်းဖျော်တတ်တာပေါ့

Yoongi: မဟုတ်ပါဘူး... ဆိုင်က recipe ကြောင့်လေ။ ကျနော်က အဲ့တိုင်း လိုက်ထည့်ရုံပဲ

Hoseok: အဲ့တာ Yoongi shi ဖျော်တဲ့ Yoongi shi လက်ရာပဲလေ 😂😂

Yoongi: Omm.. ဒါဆိုရင်လဲ အဖျော်ဆရာကောင်းပေါ့

Hoseok's Pov: ဒီYoongiကလေ ငါကို ရွဲ့နေတာလား မသိဘူး။ စကားအကောင်းပြောနေတာကို ထဖောက်နေတယ်။

Yoongi: Hoseok shi မိုးချုပ်နေပြီ။ ကျနော် ပြန်လိုက်တော့မယ်

Hoseok: အာ... ဟုတ်သားပဲ ဒါဆိုလဲ ကျနော်လဲ ပြန်ရတော့မှာပေါ့။

Yoongi: ဒါဆို သွားကြရအောင်လေ
.
.
တိတ်တိတ်ဆိတ်ဆိတ်နဲ့ အတွေးကိုယ်စီနဲ့ လမ်းလျှောက်လာခဲ့ကြတာ။ သေချာတာကတော့ အဲ့အတွေးကိုယ်စီတွေထဲမှာ တစ်ယောက်အကြောင်း တစ်ယောက်ပါနေခဲ့ကြတယ်။
တူညီတဲ့အတွေးကတော့....

"ငါ ဘာလို့ သူနဲ့ စကားတွေ အများကြီး ပြောနေခဲ့ရတာလဲ"
.
.
.
.
.
.

Yoongi တို့ လမ်းထိပ်နား ရောက်လာတော့

Yoongi: Hoseok shi ကျနော် သွားပြီ။

Hoseok: အော်... ဟုတ်သားပဲ nae Yoongi shi ကောင်းကောင်းပြန်ပါ

Yoongi: Omm...
.
.
.
နောက်ပြီးတော့ Hyung လို့ ခေါ်လို့ရတယ်
Hoseok အဆင်ပြေရင်ပေါ့

(29.05.2021)
/
/
//
//
///
///
///
(N.Sweety)
-------------------------------------------------

multiple updates in one month 🥰
ဒီ author အကြွေးဆပ်နေတာပါ။ ကိုယ့်အပြစ် ကိုသိလို့။
Zawgyi updateတွေရော Part အသစ်လေးတွေရော ကြိုးစားပြီး up ပေးထားတဲ့အတွက် "သွေးမအေးသွားကြပါနဲ့၊ အသက်ပေးသွားတဲ့ သူရဲကောင်း ၈၀၀ကျော်ကို အမှတ်ရပေးပြီး ခွင့်မလွှတ်ပေးကြေးပါ"

All I need is You (Zawgyi + Unicode) Where stories live. Discover now