အခန်း ၂၈၄

Start bij het begin
                                    

Poliana ရဲ့တောင်းဆိုမှုက ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ အဲ့တာက ဘာဖြစ်လာမလဲဆိုတာ မသေချာသေးပေ. တကယ်လို့ သူမက သားမွေးလာရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးက သူမခေါင်းထဲ ပြည့်နေချိန်မှာ ဧကရာဇ်ကတော့ သူမကို လက်ထပ်ခွင့်တောင်းရမဲ့အကြောင်း စဉ်းစားနေမိတာကို မရပ်တန့်နိုင်တော့‌ပေ.

ဒီလိုနဲ့ပဲ သူတို့က ခွဲခွာသွားကြသည်.

****

အမှန်တရားကို ပြောပြမဲ့အစား Poliana က ထွက်ပြေးဖို့ ရွေးချယ်ခဲ့သည်. သူမဆီမှာ ဘာအစီအစဉ်မှ မရှိပေ. ဘာအစီအစဉ်မှ မရှိတာကပဲ သူမရဲ့ အစီအစဉ်ဖြစ်နေသည်. အခုအချိန်မှာတော့ သူမခန္ဓာကိုယ်က ထူးခြားမှုမရှိသေးပေမဲ့ သိပ်မကြာခင်မှာတော့ ပြောင်းလဲလာမှာဖြစ်သည်. တကယ်လို့ သူမက Yapa မှာ ဆက်နေခဲ့ရင် သူမကိုယ်ဝန်ရှိနေကြောင်း လူတွေက သိသွားနိုင်သည်.

လက်မထပ်ရသေးတဲ့အမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ရှိလာတယ်...

ဒါက အစတည်းက နာမည်ကြီးပြီးသားဖြစ်တဲ့ Poliana ရဲ့ သတင်းဖြစ်တာကြောင့် မြို့ထဲမှာ အချိန်အတော်ကြာတဲ့အထိ ပြောလို့ကောင်းမဲ့ အကြောင်းအရာဖြစ်လာမှာဖြစ်သည်. လောလောဆယ် မှာတော့ Sir Ainno နဲ့ Cekel တို့ရဲ့ လက်ထပ်ပွဲအကြောင်းကို လူပြောများနေတာဖြစ်သည်. မြို့ထဲမှာ တခြားအကြောင်းအရာတစ်ခုက လူပြောများနေတဲ့အတွက် အခုအချိန်က Poliana အနေနဲ့ တိတ်တဆိတ်ထွက်သွားဖို့ အကောင်းဆုံးအချိန်ဖြစ်နေသည်. လက်ထပ်ပွဲပြီးသွားတာနဲ့ လူတွေရဲ့ စိတ်ဝင်စားမှုက သူမဘက်ကို လှည့်လာမှာဖြစ်သည်.

Frau နဲ့ စေ့စပ်ပွဲပျက်သွားတဲ့ Marquess Poliana Winter က ရုတ်တရက် ကိုယ်ဝန်ရှိလာတယ်...

ဘယ်လောက်တောင် အတင်းတုပ်လို့ ကောင်းတဲ့ အကြောင်းအရာဖြစ်လာမလဲ!

ကလေးအဖေက ဘယ်သူလဲဆိုတာကို လူတိုင်းက သိချင်နေမှာဖြစ်သည်. ကလေးနဲ့ပတ်သက်ပြီး သူမဘာလုပ်လိုက်မလဲဆိုတာကို သူတို့သိချင်ကြမှာဖြစ်သည်.

ဒါ့ကြောင့်ပဲ သူမက Yapa ကနေ ထွက်လာခဲ့တာဖြစ်သည်.

Lucius က တိုင်းပြည်မှာရှိတဲ့ နယ်မြေပိုင်ဆိုင်တဲ့ အထက်တန်းလွှာတွေရဲ့ အာဏာကို ကန့်သတ်လိုက်ပေမဲ့ Yapa မှာထက်စာရင် Sitrin မှာ Poliana ရဲ့ အာဏာနဲ့ လွှမ်းမိုးနိုင်မှုက ပိုများနေသေးသည်. သူမနယ်မြေကို လာရောက်မဲ့ဧည့်သည်တွေကို ငြင်းဆိုဖို့လဲ လွယ်ကူမှာ ဖြစ်သည်. သူမလူတွေက သူမကို ဘယ်လိုမြင်မလဲ ဆိုတာကို စိတ်ပူစရာမလိုပေ.

Emperor and the Knightness (Unicode) Book - 2Waar verhalen tot leven komen. Ontdek het nu