Part 16

1.6K 90 2
                                    

Idol လေးရဲ့ချစ်သူ (Uni&Zg)
Part 16
သူ... နိုးလာတော့.. ဘေးမှာ.. ငယ် ရှိမနေတော့... နာရီကို ကြည့်လိုက်တော့ နေ့လည်
၁၁ နာရီတောင် ထိုးနေပြီ.. မိုးလင်းခါနီးမှ.. အိပ်ရတော့... တော်တော်ကို အိပ်ပျော်သွား
တာပဲ... သူ.. အိပ်ယာက ထ လိုက်သည်..

"အား... ကျွတ် ကျွတ်.. နာလိုက်တာ .. တစ်ကိုယ်လုံး ..ကိုင်ရိုက်ခံထားရသလိုပဲ ''

ဒါတောင် ဆေးသောက်ထားသေးတာ.. နောက်ခါ ဒီကောင်လေးကို ရှောင်မှဖြစ်မယ်..
အောက်ပိုင်းက ပိုမိုနာကျင်နေသည်... ကုတင်ပေါ်က ဆင်းလိုက်တော့.. ဒူးညွတ်ကျကာ
လဲကျသွားသည်..

"အား .. ဒုက္ခ.. သေတော့မှာပဲ ..''

ကုတင်ကို အားပြုကာ ထရပ်ရင်း ဖြေးဖြေးချင်း ရေချိုးခန်းထဲ ဝင်ရသည်.. တော်သေးတယ်
ညက ငယ်က ရေချိုးပေးထားလို့...သွားတိုက် မျက်နှာသစ်ပြီး.. ညက ငယ် အသစ်ထပ်လဲပေး
ထားတဲ့ ညဝတ်နှင့်ပင် ကုတင်ပေါ်ထိုင်လိုက်သည်...
နာလွန်းလွန်း ဘာမှ လုပ်ချင်စိတ်ပင်မရှိ.. ဘေးနားက စားပွဲပေါ်တွင် စာရွက်တစ်ရွက်တွေ့၍
ယူကြည့်လိုက်သည်.

"Baby.. မောင် .. အမြန်ဆုံး ပြန်ခဲ့မယ်နော်.. အားရှိတာလေးစားပြီး.. နားနေလိုက်ဉီး.
စစ်ကျွေးတို့ အဖော်လာလုပ်ပေးလိမ့်မယ်.. အရမ်းချစ်တယ် ကလေးလေး..''

ငယ်ရေးထားခဲ့တဲ့စာလေး ဖတ်ပြီးပြုံးလိုက်သည်.. ငယ်က ကိုယ့်အတွက် အမြဲစဥ်းစားပေး
တတ်တဲ့သူမျိုး.. ကုတင်ပေါ်က ကိစ္စက လွဲလို့ပေါ့.. တွေးရင်း ရှက်သွားမိသည် .. အရမ်းဆိုး
တဲ့ ခွေးပေါက်လေး..

ဒေါက် ... ဒေါက်
"ကော.. ကျွန်တော်တို့ ဝင်လာပြီနော် ''

"မြန်လိုက်တာ.. ဝင် လာခဲ့လေ.. ''

စစ်ကျွေးနဲ့ ကျင်းလင် တံခါးကို ဖွင့်ပြီးဝင်လာကြသည်.... ငယ်.. တံခါးကို လော့ချမသွား
ဘူး ထင်တယ်..

"မြန်ဆို.. ကျေးဇူးရှင်က.. ကျွန်တော်တို့ကို.. အောက်မှာစောင့်ခိုင်းထားတာ.. ကော နိုး
တာနဲ့.. အဆင်သင့်ဖြစ်အောင်တဲ့ ''

"အမ်... ကော နိုးတာ ဘယ်လိုလုပ် သိတာလဲ ''

"အာ့တော့ မသိဘူး.. သူ ဖုန်းဆက်တာပဲ.. အခု တက်လို့ရပြီဆိုလို့ .. cctv တပ်ထားပြီး
ကြည့်နေတာနေမှာပေါ့.. အခန်းသော့တောင် မန်နေဂျာဆီက ယူသွားခိုင်းတာ .. ကော
လမ်းမလျှောက်နိုင်ဘူးဆို ''

Idol လေးရဲ့ ချစ်သူ Where stories live. Discover now