Part 7

1.5K 101 0
                                    

Uni
Idol လေးရဲ့ချစ်သူ
Part 7

ဒီနေ့ အလုပ်လုပ်ရတာ ခါတိုင်းနှင့်မတူ အားအင်ပြည့်ဝနေသလို ပျော်ပျော်ရွှင်ရွှင်
ဖြစ်နေတာ...သေချာသည်...

ဘိုးတော် အာရုံစားထားသည့်ကိစ္စ မရှိသေးခင် ယခင်တုန်းကတောင် ခုလို ကျေနပ်
ပျော်ရွှင်နေတာမျိုး မခံစားခဲ့ဖူးပါ ....ဝါသနာပါသည့် သီဆိုဖျော်ဖြေနေရခြင်းကြောင့်
ပျော်ရွှင်နေတာမျိုးလဲ မဟုတ်... ခုမှ သူ့ဘဝက အဓိပ္ပါယ်ပိုရှိလာတယ်လို့ ခံစားနေရ
သည်...

ကားရှေ့ခန်းမှာ ထိုင်နေတဲ့ di ကို ခိုးကြည့်ရတာကလဲ... ခံစားချက် တစ်မျိုးလေး
သူ့ရှေ့ကနေ အနှောင့်အယှက်ကင်းအောင် ကာကွယ်ပေးနေတာကလည်း ရင်ထဲမှာ
ပိုမိုလုံခြုံသွားသလို ခံစားနေရပြန်သည်...

အရင်က ကိုယ့်ရဲ့ bodyguard တွေကလည်း ခုလို လုပ်ခဲ့ပေးဖူးတာပါပဲ... အဲ့တုန်း
က ဘာမှမခံစားရ.. သတင်းထောက်တွေရဲ့ မေးခွန်းတွေကနေ အမြန်ဆုံး လွတ်မြောက်
ဖို့သာ အာရုံထဲ ရှိခဲ့တာပါ...

Di ဘေးမှာ ရှိနေတာဟာ သူ့အတွက် အားဆေး.တစ်ခွက်လိုပါပဲ...
ကိုယ့်ဘဝကိုယ် စိတ်ကုန် စိတ်ပျက်နေတာတောင် မေ့ပျောက်ထားနိုင်လောက်အောင်
သူ.... စိတ်ပျော်ရွှင်နေခဲ့သည်...

Di နဲ့လွတ်လပ်စွာ တွေ့ ခွင့်ရတာက မနက် အိပ်ယာထချိန်သာ.ရှိသည်... ဒီရက်ပိုင်း
Show ပွဲတွေ ဆက်နေသလို ဆုပေးပွဲ လူကြီးတွေရဲ့ ဖိတ်ကြားမှုတွေကြောင့် ညဖက်
တောင် အေးအေးဆေးဆေး မတွေ့ ဖြစ်သေးပါ..

ဒါကြောင့်.... တစ်နေ့တာရဲ့ မနက်ခင်း.အိပ်ယာထချိန်လေးကို သူစိတ်စောစွာ မျှော်လင့်
တတ်နေပြီ...

" ကျန့်ကော ... ရောက်ပြီ ''
" Di. ရဲ့ အသံကြားမှသာ အတွေးနွံထဲက နိုးထလာတော့သည်...

" အေး အေး ''
ကား တံခါးကို ဖွင့်ပေးလါတဲ့ di ကို မော့ကြည့်ကာ

" ဒီည ပါတီက လင်လူကြီးမင်းရဲ့ ဂုဏ်ပြုပွဲမို့လို့ ပေါ့ပေါ့ပါးပါးပဲဆိုတော့... bodi ပါ
အတူတူ သောက်လို့ရတယ်နော် ... bodi သောက်နိုင်လား ''

"သောက်နိုင်တာပေါ့ di ကိုများ အထင်သေးနေတာလား... ကျန့်ကောထက်တောင်
ပို သောက်နိုင်သေး ''

Idol လေးရဲ့ ချစ်သူ Tahanan ng mga kuwento. Tumuklas ngayon