Part 13

1.4K 86 0
                                    

Idol လေးရဲ့ ချစ်သူ (Uni/Zg)
Part 13

"ကိုကို ပါးက ကိုကိုနဲ့ တွေ့ချင်တယ်တဲ့ .. မောင်တို့ ကွမ်ကျိုးကို သွားရမယ် ''

"ဟင် ဟုတ်လား ''

ရင်ထဲမှာ ထိတ်ခနဲဖြစ်ကာ.. ထိတ်လန့်သွားသည်.... သူ့ရဲ့ တစ်ဉီးတည်းသောသားရဲ့
တောင်းဆိုမှုကြောင့် သူ့အား နှစ်ဆယ်ချီ ထောက်ပံ့ပေးနေသူနဲ့ တွေ့ရမယ်ဆိုတော့..

"ကိုကို စိတ်မပူပါနဲ့.. မောင်.. ကိုကို့ကို ဘယ်လောက်ချစ်သလဲဆိုတာ ပါးက သိပြီး
သား... ကိုကို့ကို စိတ်ကျဥ်းကြပ်အောင် မလုပ်လောက်ဘူး ''

"အင်း .. သွားတွေ့ရမှာပေါ့... ငယ်... ငယ့်ပါပါး ဘာတွေကြိုက်တတ်လဲ.... ကိုယ်တို့
လက်ဆောင်တွေ ဝယ်သွားကြရအောင်''

သူ ပြန်ရောက်တာ ၃ရက်ပင် ရှိသေးသည်.... ငယ့် ပါးက သူ့ကို တွေ့ချင်သည်တဲ့လေ..

ကိုယ့်ကိုကိုယ် အပြစ်ရှိသူလို ဘာကြောင့် ခံစားနေရမှန်းမသိ.. ကလေးလေးတစ်ယောက်
ရဲ့ ရူးသွပ်တဲ့ချစ်ခြင်းကြောင့် သူ့ဘဝ ပြောင်းလဲခဲ့ရတာ မဟုတ်လား ...

ငယ့်ပါပါး ဘာပဲတောင်းဆိုပါစေ သူ့ဘက်က လိုက်ရောဖို့ ဆုံးဖြတ်လိုက်တော့ ရင်ထဲပေါ့
သွားသလိုပင်...

××××

နန်းတော်တမျှ ခမ်းနားထည်ဝါလှတဲ့ အိမ်တော်ကြီး... ခြံအကျယ်အဝန်းမှာ.ခန့်မှန်း၍
ပင်မရနိုင်.... ဂိတ်ပေါက်ဝမှ အိမ်တော်အထိ ၁၅မိနစ်လောက် ကားဖြင့်ဝင်ရသေးသည်

ပြန်လာမည့် အိမ်တော်ရဲ့ သခင်လေးကို ကြိုဆိုနေကြသည့် အိမ်အကူဝန်ထမ်းများမှာ
အယောက် ၂၀ ထက်မနည်း.. တူညီဝတ်စုံများဖြင့် ...မင်းညီမင်းသားတစ်ပါး ကြွရောက်
လာသလို ပုံမျိုးဖြင့်..

ကိုယ့်ကိုကိုယ် အလိုလို သိမ်ငယ်သွားမိသည် ... ငယ်က ကိုယ့်လက်ကို ကိုင်ပြီး ခေါင်းငြိမ့်
ပြကာ အားပေးသည်..

"သခင်လေး... အနားယူလိုက်ပါဉီး... ဒီက အစ်ကိုလေးက သခင်လေး ဘေးက အခန်း
မှာပဲ ပြင်ထားပေးပါတယ်.... သခင်ကြီးကို အကြောင်းကြားပြီးရင် ကျွန်တော် လာခေါ်ပါ့
မယ် ''

"ဟုတ်ကဲ့ ''

"လာ ကိုကို .... ခရီးပန်းလာတာ ခဏလောက် နားပြီး ရေချိုးလိုက်ဉီး.. ပါးက ညနေ
လောက်မှ တွေ့ဖို့ခေါ်လိမ့်မယ် ''

Idol လေးရဲ့ ချစ်သူ Onde as histórias ganham vida. Descobre agora