part 2

2.8K 148 4
                                    

Uni
Idol လေးရဲ့ ချစ်သူ
Part2

ထိခိုက်မှု သိပ်မရှိတာကြောင့် တစ်ပတ်လောက် နားလိုက်ရုံနဲ့ အလုပ်စဝင်ကမယ့် နေ့
ရောက်လို့လာသည်...

အဆိုတော် တစ်ယောက်အတွက် နားနေချိန်ဆိုတာ မရှိသလောက် ရှားပါးတဲ့အတွက်
ကိုကို့ကို သနားနေမိသည်....

အရမ်းပင်ပန်းနေမှာပဲ ကိုကို... တစ်ရက်ကို တစ်ခါတောင် တွေ့ရဖို့ ခက်ခဲပေမယ့်
တွေ့လိုက်တဲ့အချိန်တိုင်း ပျော်ရွှင်မှု ကင်းမဲ့နေတဲ့ ကိုကို့မျက်နှာကို မြင်နေရသည်

ကိုကို့ပုံစံကလည်း အရင်ကလို ဖြူစင်အေးချမ်းပြီး.ချစ်စရာအရမ်းကောင်းတဲ့ပုံမျိုး
မဟုတ်တော့... မျက်ဝန်းမှာ ကာခြယ်အနက်တွေဆိုးလာတတ်ပြီး အပြုံးလေးတွေက
မဲ့ပြုံးလေးတွေ ဖြစ်နေပါရောလား... ဝတ်စားဆင်ယင်ပုံကအစ ကွာခြားသွားလိုက်တာ...

အရမ်းချစ်ဖို့ကောင်းတဲ့ ကိုကို့ ပုံစံကနေ ဆွဲဆောင်မှုရှိတဲ့ ညှို့အားပြင်းတဲ့ ယောကျာ်း
တစ်ယောက်ပုံစံ ဖြစ်လာသည်...

ငယ်တည်းက အရိပ်တကြည့်ကြည့် နေခဲ့တဲ့သူမို့ ကိုကို ပြောင်းလဲ လာချိန်မှာ
ရင်ထဲမှာ စိုးရိမ်စိတ်ပူ မိခဲ့သည်...

ဘယ်လိုပုံစံဖြစ်ဖြစ် ကိုကို့ကို ချစ်နေမှာပါ....

××××

သူ့ ချစ်ခြင်းရဲ့ ဆွဲအားကပဲ ပြင်းလေသလားပဲ... ဘယ်သူမှ တက်ခွင့်မရတဲ့
ကိုကို့ကားမှာ ... သူ လိုက်ပါခွင့်ရခဲ့သည် . ...

Bodyguard တဲ့...

ကိုကို့ဘေးမှာ ထိုင်ခွင့်မရပေမယ့် .... ရှေ့ခန်းမှာပဲ..ထိုင်ရပေမယ့် ....
ကိုကို့ကို ထီးမိုးပေးခွင့်ရတဲ့ ...ကိုကို့ဘေးကနေ အမြဲအတူလိုက်ပါခွင့်ရတဲ့ ကိုကို့အရိပ်လေး
ဖြစ်ခွင့်ရလာတာဟာ.... ကျွန်တော့် ရဲ့ ဆုလာဘ်တစ်ပါးပါ...

State စင်ပေါ်မှာ ကခုန်ကာ သီဆိုဖျော်ဖြေနေတဲ့.... ကိုကို့ကို ကြည့်ပြီး... ဟန်ချက်ပျက်
သွားမှာကို စိုးရိမ်နေမိပြန်သည်... စင်အောက်က ကိုကို့နာမည် အော်သံတွေကြောင့် ကိုကို့
ကို အူတိုနေမိပြန်သည်...

" ငါတော့ ကိုကို့အနီးရောက်မှ ရောဂါပိုရင့် လာပါရောလား... ခက်လိုက်တာ ကိုကိုရာ ''

Idol လေးရဲ့ ချစ်သူ Where stories live. Discover now