(၁၁) သန်းတစ်ရာတန် ချက်လက်မှတ်

Start from the beginning
                                    

ချန်အန်း၏ အမြဲ ထိန်းထိန်းသိမ်းသိမ်းရှိခဲ့သော မျက်နှထား တစ်ခဏတော့ ပျက်ယွင်းသွားပြီး အံ့သြမှုကို ဖော်ပြမိလိုက်လေသည်။

အိပ်ခန်းတွင်းရှိ ဤအင်အားချိနဲ့ ချူချာနေရှာသော မိန်းမငယ်မှာ သူဌေးကတော်အဖြစ်၊ သခင်လေး၏ မိခင်အဖြစ် တစ်ချိန်က သူ တာဝန်ထမ်းဆောင်ပေးခဲ့သည့် အမျိုးသမီးပင် ဖြစ်သည်ကို သူ့မှာ ယုံရ အခက်ဖြစ်နေခဲ့သည်။

သို့သော် လေ့ကျင့်မှုများအရ သူ့အံ့သြမှုကို သူ လျင်မြန်စွာ ကွယ်ဝှက်ထားလိုက်နိုင်သည်။ သူ ရှရှင်းဟယ်ဆီသို့ ချက်လက်မှတ်တစ်စောင်ကို ကမ်းပေးလိုက်တော့သည်။

"ပြန်တွေ့ရတာ ဝမ်းသာပါတယ် မစ္စရှ၊ CEO ရှီးက အစ်မလေးဆီး ဒါလေး ပေးခိုင်းထားလို့ပါ၊ ဒါက နဂိုကတည်းက အစ်မရဲ့ ပိုင်ဆိုင်မှုမို့ ကျေးဇူးပြုပြီး လက်ခံပေးပါလို့ မှာလိုက်ပါတယ်"

ရှရှင်းဟယ် ထိုချက်လက်မီတ်ကို သေချာ မကြည့်ရသေးခင်ကတည်းက သိလိုက်သည်။ ယွမ် သန်းတစ်ရာတန် ချက်လက်မှတ်ဖြစ်သည်ကို။

လွန်ခဲ့သော သုံးနှစ်က သူမ မယားစရိတ်ကို လက်မခံခဲ့သည့် အကြောင်း ရှီးမုပိုင် ယခုမှ သိပုံရသည်။

လွန်ခဲ့သော သုံးနှစ်ကပင် သူမ ငြင်းခဲ့သေး၊ ယခုလည်း သူမ ငြင်းဦးမည်။

"ရှင့် သူဌေးကို ပြောလိုက်ပါ၊ ကျွန်မက ကျေးဇူးတင်ပါတယ်လို့၊ ဒါပေမဲ့ ဒါကို ကျွန်မ လက်မခံနိုင်ဘူး၊ သူ ကျွန်မအပေါ် အကြွေးတင်နေတာမျိုး မဟုတ်တာမို့ ကျွန်မ ဒါကို လက်ခံယူစရာ အကြောင်း မရှိဘူး" ရှရှင်းဟယ် ငွေ သန်းတစ်ရာကို အရေးတယူမရှိလှဘဲ ဆိုလေ၏။  

ချန်အန်း အံ့သြသွားမိသည်။ သူ နားမလည်နိုင်တာကြောင့် ထပ်မေးလိုက်လေသည်။ "မစ္စ ရှ၊ ဒီချက်လက်မှတ်မှာ ငွေ ဘယ်လောက်တန်ဖိုး ပါသလဲ မကြည့်တော့ဘူးလား"

"သန်းတစ်ရာ မဟုတ်လား"

"ဟုတ်..." ချန်အန်း၏ အံ့သြခြင်းက ပို၍ နက်ရှိုင်းလေးနက်သွားရတော့လေသည်။ ငွေ ဘယ်လောက်တန်မှန်း သူမ သိမှတော့ ဘာကြောင့် ချက်ချင်း ငြင်းဆန်ရသလဲ။

ဝေးလွင့်ပြီးသော အတိတ်Where stories live. Discover now