ကျောင်းအုပ်ကြီးက လော်စပီကာနဲ့အော်လိုက်တဲ့အတွက် အသံကအားကစားကွင်းတစ်ခုလုံးကို ပျံ့နှံ့လို့သွား၏။ ကျောင်းအုပ်ကြီးက တစ်ကျောင်းလုံးမှ ဆရာ၊ဆရာမများနှင့် ကျောင်းသားတို့၏တောင်းဆိုမှုတွေကို ဖော်ပြလိုက်တာပင်။

ဟုတ်သားပဲ၊ သူ့ခေါင်းက ဒဏ်ရာရထားတာလေ။ သူက ဘာလို့ဒီမှာ ရှိနေသေးတာလဲ?

ရှီပုဖန်ရှိနေတဲ့အချိန်တိုင်း ရန်ပွဲတစ်ခုကို အမြဲတမ်းဦးတည်နေတာပင်။ လူတိုင်းက သူ့ကိုဒီအချိန်အတောအတွင်း အိမ်မှာသာနေကာ ပြန်နာလန်ထူလာဖို့ မျှော်လင့်နေကြတာဖြစ်သည်။

ရှီပုဖန်က နှုတ်ခမ်းထောင့်ကို သူ့လက်မနှင့်သုတ်လိုက်ပြီး အလေးအနက်ဆိုလာ၏
“ကျောင်းကိုသွားတာက ကျောင်းသားတွေအတွက် ဦးစားပေးပဲလေ။ ကျွန်တော် ဒီတာဝန်ကို ထိန်းသိမ်းဖို့လိုတယ် ”

ကျောင်းအုပ်အိုကြီးက သူ့အား “မင်းကိုယုံလိုက်ရင် ငါအရူးဖြစ်သွားမှာပေါ့” ဆိုတဲ့ အကြည့်တစ်ချက်ပေးလိုက်သည်။ သူမတုန်ယင်လာခင်အထိ ရှီပုဖန်အား တစ်ခဏမျှ စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ ပြောလိုက်သည်။
“ တာဝန်ရှိလောင်ရှီးက ဘယ်မှာလဲ? မင်းတို့တွေက ဘယ်အတန်းကလဲ? သူတို့အားလုံးကိုခေါ်ထုတ်သွားကြစမ်း! ”

တာဝန်ရှိလောင်ရှီးနှစ်ယောက်က အလျင်အမြန်ပြေးလာကြ၏။ ကျိယန့်ဖျင် ရှီပုဖန်ကိုမြင်လိုက်ရတဲ့အခိုက်တွင် သူမဦးရေထုံသွားသလို ခံစားလိုက်ရသည်။ သူမအံကြိတ်ကာ အော်လိုက်သည်
“ ငါနဲ့လိုက်ခဲ့စမ်း!”

ကျန်းယွမ်ပိုင် လူအုပ်ထဲမှာ တိတ်တဆိတ်ရပ်နေရင်း သူ့မျက်နှာက ခပ်ရေးရေးလေးဖြူဖျော့နေသည်။ ရှီပုဖန်က အရမ်းကြောက်ဖို့ကောင်းတာပဲ။ သူ့ဒဏ်ရာ၏အကြောင်းအရင်းက သူ(ကျန်းယွမ်ပိုင်)ဖြစ်ကြောင်း ရှီပုဖန်သိရှိသွားမဲ့အဖြစ်ကို သူပုံဖော်ကြည့်လိုက်ပြီး သူ့ခြေထောက်တွေက အကြောက်တရားဖြင့် ထိန်းမနိုင်တော့ဘဲ တုန်ယင်လာလေသည်။

ရှီပုဖန်က အတန်းပိုင်လောင်ရှီးနောက်ကနေ အလျင်စလို မလိုက်သွားခဲ့။ အဲ့အစား သူရုတ်ခြည်း ကျန်းယွမ်ပိုင်ဘက်ကို ကြည့်ရန်လှည့်လိုက်စဉ် ကျန်းယွမ်ပိုင်ကတော့ အနောက်ကို ခြေတစ်လှမ်းဆုတ်သွားမိသည်။ သူ စုန့်မော့နောက်တွင် ပုန်းလိုက်၏။

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now