"ကျွန်တော် လိုက်သွားလို့ရမလား"

ခွင့်ပြုမပေးချင်သော အန်တီကို ဦးလေးက သူငယ်ချင်းအချင်းချင်း စကားပြောစရာရှိလို့နေမှာပါ ဟူသော စကားနဲ့နှစ်သိမ့်ပြီး သူ့ကို အိမ်ပေါ်တက် ခွင့်ပြုပေးလိုက်သည်။

အိပ်ပေါ်ထပ်ဆိုသော်လည်း ခေါင်မိုးထပ်သဘောသာဖြစ်ပြီး အခန်းတစ်ခန်းထဲသာ ရှိသည်။ မိသားစုသုံးယောက်နေတဲ့ အိမ်လေးက အပိုအလိုမရှိဘဲ နေချင်စရာလေးပင်။

သစ်သားတံခါးချပ်ကို မြင်တော့ Jungkook စိတ်လှုပ်ရှားလာသည်။ သူ့ကို ရိုက်ထုတ်မှာတော့ မဟုတ်လောက်ပါဘူးနော်။

*ဒေါက် ဒေါက် ဒေါက်*

"ကျွန်တော် ဗိုက်မဆာ-"

မေမေသူ့ကို ထမင်းစားဖို့ လာခေါ်သည်အထင်နှင့် တံခါးဖွင့်ပေးလိုက်သော်လည်း တံခါးဝမှာရပ်နေသူကြောင့် ရေစိုခေါင်းကို တဘက်နဲ့ ပွတ်သုတ်နေတဲ့ သူ့လက်တွေ ရပ်တန့်သွားသည်။

"Jungkook မင်း ဘယ်လိုလုပ်"

"ဝင်လို့ရမလား"

"ဟင် အင် အင်း ဝင်လေ"

ယောင်ပြီး တံခါးကိုဖွင့်ပေးလိုက်ပြီးကာမှ အသိဝင်သွားသလိုမျိုး ပြန်တားထားလိုက်သည်။

"မဟုတ်ဘူး မဝင်နဲ့"

"အန်တီနဲ့ ဦးလေးက ဝင်လို့ရတယ်တဲ့"

"ဒါ ငါ့အခန်းလေ"

"အဲ့ဆိုလည်း ဝင်ပြီး စကားပြောရအောင်"

"အောက်မှာစောင့်နေ ငါလာခဲ့မယ်"

"အန်တီကိုယ်တိုင်က မင်းအခန်းမှာ စကားသွားပြောဆိုပြီး လွတ်လိုက်တာပါဆိုနေ"

မလိမ့်တပတ်လုပ်ပြီး အခန်းထဲဝင်ရဖို့အရေး ဒို့အရေးလုပ်နေတဲ့ကောင်ကို မပြောချင်တော့ဘူး။ ဘယ်လောက်ပြောပြော မှတ်မှာမဟုတ်တဲ့ကောင်ကို သူလိုက်ပြီး အလျှော့ပေးနေရတာ တစ်ခါတစ်ခါတော့လည်း အသည်းပေါက်ဖို့ကောင်းသည်။

ခုဏက အော်ကြီးဟစ်ကျယ် ရန်ဖြစ်ခဲ့ကြတာ သူမဟုတ်သလိုလိုနဲ့ သူ့အခန်းထဲ အေးအေးဆေးဆေး လှည့်ပတ်ကြည့်နေတဲ့သူကို Jimin မြင်ပြင်းကတ်လာ၏။ အနားကို တိုးသွားပြီး လက်မောင်းတစ်ဖက်ကို ဆွဲကိုက်ပစ်လိုက်တော့သည်။

ADDICTIONWhere stories live. Discover now