စိတ်တွေလေးလံစွာဖြင့် အိမ်ကို ပြန်ရောက်တော့ ဧည့်ခန်းထဲမှာ သတင်းကြည့်နေတဲ့ ဖေဖေက သူ့ကို လှည့်ကြည့်လာသည်။ ဆိုဖာခုံပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်ချလိုက်တဲ့ သူ့ကို ကြည့်ပြီး မေးလာတော့ ပင်ပန်းလို့ဟုသာ သူပြန်ဖြေဖြစ်သည်။
"ကုမ္ပဏီကတော့ နာမည်ကျပြီပေါ့"
"ဗျာ"
"လုပ်ငန်းခွင်ပြိုတာလေ"
ဖေဖေက သတင်းကို ကြည့်ပြီးပြောနေတာဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ပြိုကျလို့ ထိခိုက်ဒဏ်ရာရသူ များပြားဆိုသည့် သတင်း ကြေညာနေသည်ကို ဘာရယ်မဟုတ် လိုက်နားထောင်ဖြစ်သည်။
"အဲ့ကိစ္စကြောင့် ဖေဖေတို့ ဆေးရုံမှာ တစ်ညနေလုံး ပြာယာခတ်သွားကြတာ လူနာတွေများလွန်းလို့ တခြားဆေးရုံကို ခွဲပို့လိုက်ရတာတွေလည်း ရှိတယ်"
ရှုပ်ယှက်ခတ်နေတဲ့ လူတွေကြားထဲမှာ ဆေးရုံထဲကနေ ပြေးထွက်လာတဲ့ ပုံရိပ်လေးတစ်ခု။ အပြာရင့်ရောင် သူနာပြုဝတ်စုံလေးနဲ့ သူနာပြုကောင်လေးတစ်ယောက်က အရေးပေါ်လူနာကို တင်ထားတဲ့ ကုတင်ကို တွန်းကာ ဆေးရုံထဲ ဝင်သွားခဲ့သည်။
သူလည်း တစ်နေ့လုံး မအားနိုင်ဖြစ်နေခဲ့မှာပဲ။
ရုတ်တရက်ကြီး သူ့ခေါင်းသူ ရိုက်ပစ်လိုက်သော သားဖြစ်သူကြောင့် Mr.Jeon လန့်သွားရ၏။ ထို့နောက် အခုပဲ အိမ်ထဲဝင်လာတဲ့သူက အလောတကြီး ပြေးထွက်သွားပြန်သည်။
တစ်နေ့လုံး ပင်ပန်းနေခဲ့မှာကို။ ဆေးခန်းက လူနာတွေနဲ့ပါ ထပ်ပြီး သေချာပေါက် ပင်ပန်းနေခဲ့မှာကို သူက ပြဿနာသွားရှာခဲ့သည်တဲ့လား။ ဘယ်လိုတောင် မကောင်းလိုက်တဲ့ ကောင်လဲ။
အလွတ်ရနေသော နေရပ်လိပ်စာသည် သွားခဲ့ဖူးသော စားသောက်ဆိုင်နဲ့ သိပ်မဝေးပါ။
အန်တီPark က ရုတ်တရက်ကြီးရောက်လာသော သူ့ကို အံ့ဩမှုအပေါင်းနဲ့ ကြိုပါသည်။ ညကြီးအချိန် လာခဲ့သည်မို့ အနည်းငယ်လည်း လန့်နေဟန်ရှိသည်။
"Jimin ရော အန်တီ"
"ခုဏကပဲ ပြန်ရောက်လာလို့ အခန်းထဲဝင်သွားတယ်"
YOU ARE READING
ADDICTION
FanfictionStory Tellers and Their Listeners ဆိုတဲ့ Project အတွက် ရေးထားတာဖြစ်ပါတယ်။ Enjoy! Cover Art: @mochibabe95 (chi)