- 3 -

569 95 8
                                    

[Unicode]

အပိုင်း (၃)

- သူရှိနေခြင်းသည် ဘုရားရှင်ကိုယ်တော်တိုင်ရောက်ရှိနေခြင်းနှင့်ပင် တူညီတော့သည် -

Note

*ကွမ့်ကျူ - တောက်ဘုရားကျောင်း၏ ကျောင်းထိုင်/သခင်

*တောက်ရှီ - သာမန်တောက်ဝါဒဆရာတော်

(၃)

ချို့ရှန်အိမ်တော်နှင့် မျက်နှာချင်းဆိုင်၊ လျို့ကုန်းမြို့၏ အနောက်မြောက်ဘက်၌ တောက်ဘာသာဘုရားကျောင်းတစ်ကျောင်းရှိသည်။

ထိုဘုရားကျောင်းသည် ယခင်မင်းဆက်လက်ထက်ကတည်းက တည်ရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ယခင်ကွမ့်ကျူအိုကြီး ဆုံးပါးသွားပြီးသည့်နောက် ကျန်တောက်ရှီများအားလုံးက ဘုရားကျောင်းကို စွန့်ခွာသွားခဲ့ကြသည်။ လာရောက်ဝတ်ပြုဆုတောင်းသူ၊ အမွှေးတိုင်ထွန်းညှိပူဇော်သူများ မလာရောက်တော့သည်မှာ နှစ်ကြာလာသည်နှင့်အမျှ ယင်းနာမည်ကလည်း တဖြည်းဖြည်းပျောက်ကွယ်စပြုလာသည်။ နောင်လူငယ်များဆိုလျှင် နာမည်ကိုပင် မကြားဖူးကြတော့ပေ။

ကွမ့်ကျူအသစ်ရောက်မလာခင်အထိ အရာအားလုံးက စိတ်ပျက်ညည်းညူစရာကောင်းလှလေ၏။

၃လပိုင်း ၃ရက်နေ့သည်ကား ရွှမ်းဝူနတ်မင်းကြီး၏မွေးနေ့ဖြစ်လေ၏။

[တောက်ဘာသာ(တာအိုဝါဒ)ရဲ့ အထင်ကရနတ်မင်းတစ်ပါး]

ယင်းနေ့ထူးနေ့မြတ်တွင် ကျီရှားဘုရားကျောင်း၌ လူအမြောက်အမြားစည်ကားလျှက်ရှိသည်။ ယေဘုယျအားဖြင့် မြို့နေလူဦးရေ၏ထက်ဝက်ခန့်သည် ဤနေရာသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ဘုရားကျောင်းအတွင်း၌မူ လူတစ်ဦးလျှင် အမွှေးတိုင်သုံးတိုင်ကျ ထွန်းညှိပူဇော်၏။ အပြင်ဘက်တွင်ကား အဆိုပါသတင်းကိုရရှိသူ ခေါင်းရွက်ဗျပ်ထိုးဈေးသည်များက စားစရာအမျိုးမျိုး၊ လတ်ဆတ်သည့်အသီးအနှံအဖုံဖုံကို လာရောက်ဆုတောင်းသူများအား ရောင်းချကြသည်။

「ဝူရွှမ်း」တုနှိုင်းမဲ့  Where stories live. Discover now