Part 2

2.6K 421 17
                                    

Jungkook တစ်ယောက် သူ့ရဲ့ သားလိမ္မာတာဝန်ကို အကြံရပြီး သုံးရက်မြောက်နေ့မှာ အကောင်အထည်ဖော်ခဲ့သည်။ ဥက္ကဌကြီး Jeon ကတော့ သူ့ရဲ့ ချစ်လှစွာသော သားလေးက ရုတ်တရက်ကြီး ဆေးရုံအပေါ်ဆုံးထပ်မှာရှိတဲ့ သူ့ရဲ့ရုံးခန်းတံခါးကို လာခေါက်လိမ့်မယ် ယောင်လို့တောင် မတွေးမိခဲ့ပါ။ သို့သော် ခေတ္တမျှသာ အံ့ဩသွားပြီး ဝမ်းသာစွာ ကြိုဆိုလိုက်ပါသည်။

"ဖေဖေနဲ့ နေ့လည်စာ အတူမစားရတာကြာပြီလေ"

အရမ်းကို အားကိုးရပြီး ချစ်ဖို့ကောင်းတဲ့ သူရဲ့ သားတော်အချောလေးရဲ့ ခပ်ချွဲချွဲစကားလေးက ဥက္ကဌကြီး Jeon ရဲ့ အသည်းနှလုံးတွေ အရည်ပျော်ရတော့တာပါပဲ။

"ဘယ်ဆိုင်မှာ သွားစားကြမလဲ"

"ကျွန်တော်အချိန်အများကြီးမရဘူး ဖေဖေရ ကန်တင်းမှာပဲ သွားစားကြမယ်လေ"

Mr.Jeon က သူ့သားကို အကောင်းဆုံးစားသောက်ဆိုင်မှာ ကျွေးဖို့ ရည်ရွယ်သော်လည်း အလုပ်များနေတဲ့သူကို ထပ်ပြီးအလုပ်မရှုပ်စေချင်တော့ပါဘူး။ အသက် ၂၀ကျော်လူငယ်လေးတစ်ယောက်ဆိုတဲ့ ဘဝကို လွတ်လွတ်လပ်လပ် အပြည့်အဝ ဖြတ်သန်းခွင့်မရလိုက်သေးဘဲ သူလွှဲပေးထားတဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ပေးနေတဲ့ သားဖြစ်သူကို အားလည်းနာရသလို ကျေးဇူးလည်းတင်ရပါသည်။ အသက်ကြီးမှ အရူးထတယ်ဆိုဆို။ ဆရာဝန်ဖြစ်ခွင့်မရလိုက်တဲ့ သူ့ဘဝမှာ ဆေးရုံတစ်ခုတည်ထောင်ချင်တဲ့ ဆန္ဒလေးကိုတော့ ပြည့်သွားချင်တာမို့။

ကန်တင်းကို ဆေးရုံဥက္ကဌကြီးနဲ့ လူငယ်လေးတစ်ယောက် ဝင်ရောက်လာတာကို သိပ်ပြီး သတိထားမိတဲ့သူ မရှိပါဘူး။ သတိထားမိတဲ့ သူအချို့ကတော့ ထပြီး နှုတ်ဆက်ကြပေမဲ့ တစ်ချို့လူတွေက ဂျူတီချိန်မဝင်ခင် ရတဲ့အချိန်ကလေးမှာ ဝမ်းရေးဖြည့်ဖို့ကိုသာ အာရုံစိုက်နေကြသည်မို့ ဘေးပတ်ဝန်းကျင်ကို စိတ်ဝင်မစားအားကြပါ။

Jungkook ကန်တင်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ အပြာရင့်ရောင်ဝတ်တဲ့ ဝန်ထမ်းတွေကို မြင်ရပေမဲ့လည်း သူရှာနေတဲ့ တစ်စုံတစ်ယောက်ကိုတော့ အရိပ်ကလေးပင် မမြင်ရသေးပါ။ အစားအသောက်ယူဖို့ အများသူငါလို တန်းစီလိုက်ကြတော့ ဖခင်ဖြစ်သူရဲ့ အတွင်းရေးမှူးက အခက်တွေ့နေဟန် နေရာမှာ အရင်ထိုင်နေစေဖို့ပြောလာသည်။ ဖခင်က လူကြီးဖြစ်တာမို့ သူ့ကို အရင်နေရာယူစေလိုက်ပြီး သူနဲ့ အတွင်းရေးမှူးနှစ်ယောက်က တန်းစီနေလိုက်သည်။

ADDICTIONWaar verhalen tot leven komen. Ontdek het nu