Episode-2

9.9K 1K 65
                                    

Zawgyi Version

ပြတင်းတံခါးဆီမှတဝူးဝူးနဲ့တိုက်ခတ်လာသောလေကြောင့် လိုက်ကာအဖြူရောင်လေးမှာ ဝေ့ဝဲလျက်...။
တိုင်ကပ်နာရီကိုလှမ်းကြည့်မိလေတော့ ည ၁၁နာရီပင် ထိုးတော့မည်...။
ဧည့်ခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ခြံအဝကို မျှော်ကြည့်နေမိတာအခါခါ...။
အကြောင်းကတော့ အခုထိအိမ်ကိုပြန်မလာသေးတဲ့ မောင့်ကိုစောင့်နေတာပဲ...။

မနက်ခင်းမင်္ဂလာပွဲပြီးကတည်းက ထွက်သွားလိုက်တာ အခုထိပြန်မရောက်သေးတဲ့ မောင့်ကြောင့် လူကစိုးရိမ်စိတ်နဲ့အိပ်လို့မရသေး...။
သက်ပြင်းအသာချကာ ဆိုဖာပေါ်ထိုင်ချလိုက်ရင်း ဘာရယ်မဟုတ် အတွေးနယ်နှင်မိလေတော့ မောင်နဲ့ပြန်တွေ့တဲ့အချိန်လေးကို ပြန်စဉ်းစားမိတော့သည်...။

မီးရောင်စုံလင်းထိန်နေတဲ့ ကလပ်တစ်ခု၊
သီချင်းသံဆူဆူညံညံတွေကြား စည်းချက်ညီညီကနေကြတဲ့ လူတွေကလည်းခပ်များများပင်...။
ဒီလိုနေရာမျိုးကိုရောက်တိုင်း ပြဿနာမရှာဘဲအိမ်ပြန်တဲ့နေ့ဆိုတာ ကိုယ့်ဆီမှာမရှိ...။
အကြောင်းကတော့ ဂုဏ်သိက္ခာတွေကြီးမားလှပါတယ်ဆိုတဲ့ ဥက္ကဌကြီးကို အရွဲ့တိုက်ချင်လို့...။
ဒါကြောင့် ကလပ်ရောက်တိုင်းပြဿနာတစ်ခုမဟုတ်တစ်ခုရှာပြီး ရဲစခန်းရောက်နေကျ...။
အများကတော့ ကိုယ့်ကိုပျက်စီးနေတဲ့ကောင်၊ လိမ္မာယဉ်ကျေးမှုမရှိတဲ့သူ၊ ကလေကချေလို့မြင်ကြတယ်...၊ မဆန်းပါဘူးလေ...၊ ကိုယ့်ကိုလူတိုင်းက သဘောမကျကြတာ ကိုယ့်အတွက်တော့ ထူးဆန်းတဲ့အရာမဟုတ်ခဲ့ပါဘူး...။

ဒါပေမယ့် ကိုယ်ဒီနေ့ကလပ်ကိုလာရတဲ့အကြောင်းအရင်းက ပြဿနာရှာဖို့မဟုတ်...။
ဥက္ကဌကြီးရဲ့အရိပ်အောက်မှာမနေချင်လို့ဆိုပြီး သူငယ်ချင်းတွေနဲ့အတူ ရှယ်ယာစုပြီးဖွင့်ထားတဲ့ Company ကြောင့်ပင်...။
ဟိုတလောကပဲ  Design Team ထဲက ဝန်ထမ်းတစ်ယောက်က ကိုယ်တို့ကိုသစ္စာဖောက်ပြီး Company ပိုင် ဒီဇိုင်းတစ်ခုကို တခြား ပြိုင်ဘက် Company တစ်ခုဆီပို့လိုက်သည်...။
သိသိချင်း ပြန်ပေးရန် အေးအေးဆေးဆေးတောင်းပေမယ့်လည်း ထို Company က သူတို့ရဲ့ ဒီဇိုင်းပါလို့ အကြောက်အကန်ငြင်းပြီး ဒီဇိုင်းကိုပြန်မပေး...။

Tragically Beautiful [Completed]Where stories live. Discover now