ဒါကြောင့် အဲ့ Company ကိုပညာပေးရန် ဒီကလပ်ကိုရောက်လာခဲ့ခြင်းဖြစ်သည်...။
မကြာခင် Company ရဲ့ CEO က ဒီကလပ်ကိုလာမယ်လို့သတင်းရထားသည်မို့...။
ကြားထားတာတွေအရလည်း ထို Company က ဥပဒေနဲ့မညီတဲ့ပစ္စည်းတွေတင်သွင်းနေတယ်လို့လည်းကြားသည်။
ထို့ကြောင့် CEO ကိုဝင်ရောပြီး သူ့ဆီက ကိုယ်တို့ရဲ့ဒီဇိုင်းကိုပြန်ရအောင်ယူပြီး အပိုအနေနဲ့ အဲ့ Company တစ်ခါတည်းအမြစ်ပြတ်သွားအောင် ချောက်ထဲတွန်းချမလို့...။
နှစ်ဖက် Company ဒီဇိုင်းကိစ္စနဲ့အချေအတင်ဆွေးနွေးကြတုန်းက ကိုယ်လိုက်မသွားသည့်အတွက် အဲ့ဒီ့ဘက်က CEO က ကိုယ့်ကိုသိမှာမဟုတ်ဘူး...။
ဒါက ကိုယ့်အတွက် တစ်ပန်းသာတယ်...။

အစီအစဉ်ကိုတွေးနေတုန်းမှာပဲ ကလပ်ထဲဝင်လာသည့် ထိုလူ...။
ဘေးမှာမိန်းကလေးတစ်ယောက်စီခြံရံလျက်...။
ခပ်လှမ်းလှမ်းကဝိုင်းမှာထိုင်နေရင်း ထိုလူ့ကိုမျက်ချည်မပြတ်စောင့်ကြည့်နေလိုက်သည်...။
အရက်ကိုဇိမ်ခံသောက်လိုက်၊ မိန်းကလေးတွေနဲ့ပျော်ပါးလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ထိုလူ...။
အချိန်ကျလောက်ပြီထင်တဲ့အခါကျမှ လက်ထဲသောက်လက်စ ဝိုင်ခွက်ကို ကိုင်လိုက်ရင်း မူးရူးပြီးကနေတဲ့ထိုလူ့နား ဖြည်းဖြည်းချင်းကပ်သွားလိုက်သည်....။

ကသလိုလို ဘာလိုလိုနဲ့ထိုလူ့အနားအရောက်မှာတော့ လက်ထဲကဝိုင်ခွက်ကို ထိုလူ့ရဲ့ရှပ်အင်္ကျီအဖြူပေါ် မသိမသာလေးလောင်းချလိုက်လေတော့

"အိုမို....! ဘယ်လိုလုပ်မလဲ...? တောင်းပန်ပါတယ်...၊ ကျွန်တော်က ကနေရင်းနဲ့မမြင်လိုက်မိသလိုဖြစ်သွားလို့ တောင်းပန်ပါတယ်..."

အဖြူရောင်ရှပ်အင်္ကျီပေါ်ပေသွားတဲ့ ဝိုင်တွေကို သုတ်ပေးသလိုလိုနဲ့ ထိုလူ့ရဲ့ရင်ဘတ်ကိုမထိတထိလက်ချထားလိုက်တော့ ရီဝေဝေအကြည့်တွေနဲ့ကြည့်လာတဲ့ထိုလူ...။

"ရပါတယ်... ကိုယ်ကဒါမျိုးကိုအပြစ်မယူတတ်ပါဘူး...၊ မင်းလေးလိုအချောလေးဆိုရင် ပိုလို့တောင်ခွင့်လွှတ်တတ်သေးတယ်..."

သူ့ရင်ဘတ်ပေါ်တင်ထားတဲ့ကိုယ့်လက်ကိုဆုပ်ကိုင်လာရင်း နားနားကပ်ကာပြောလာလေသည်...။
မြန်မြန်ဆန်ဆန်ဘဲ ကိုယ့်ဂွင်ထဲရောက်လာတဲ့ထိုလူ...။
မိန်းကလေးတွေနဲ့အမြဲပျော်ပါးနေတတ်သူအဖြစ် ကျော်ကြားတာကြောင့် ဒီလူ့ကိုရောဖို့ဆို ဒီနည်းလမ်းက အကောင်းဆုံးဆိုပြီးရွေးလိုက်တာ တကယ်အလုပ်ဖြစ်သားပဲ...။

Tragically Beautiful [Completed]Where stories live. Discover now