- 2 -

859 111 8
                                    

[Unicode]

အပိုင်း (၂)

စွေးပုချွီ

(၂)

ဆိုးရွားလှသည့် ရာသီဥတုဒဏ်ကို ရင်ဆိုင်ခဲ့ရသည့် ညတစ်ညအတွင်း၌ ဖြစ်ပျက်သွားခဲ့သည့် အကြောင်းအရာများကို စုံစမ်းနေရခြင်းက အလွန်တရာမှ ခဲယဉ်းလွန်းသည်မှာ သံသယရှိစရာပင်မလို။

ကံဆိုးလှသည့် အကြမ်းဖက်မှုဖြစ်ပွားခဲ့ရာဒေသသည် လျို့ကုန်းမြို့တော်နှင့် သိပ်ပြီး မဝေးကွာလှပေ။ ထို့ကြောင့် ယွီထျန်မှသံတမန်တစ်ဦး သာ့ဆွေ့တိုင်းပြည်သို့လာရောက်ရာ လမ်းခရီးတွင် အသတ်ခံလိုက်ရသည်ဟူသော သတင်းက တစ်မြို့လုံးသို့ ပျံ့နှံ့သွားလေ၏။ ပြည်နယ်တရားသူကြီးမင်းမှာ ကြံရာမရထိတ်လန့်တုန်လှုပ်နေပြီး သူပါ အရှုပ်အရှင်းထဲဝင် ဝင်ငြိမိသွားမည်ကို စိုးရိမ်နေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ယခုအချိန်မှ မြို့တော်မှလူတချို့ကို ဧကရာဇ်အမိန့်ဖြင့် စေလွှတ်ကာ ယွီထျန်သံတမန်ကို ကြိုဆိုစေသည်။ သူတို့ပင် မကြိုဆိုလိုက်ရသေးခင် သေခြင်းတရားက လက်ဦးအောင်ကြိုဆိုသွားမည်ဟု မည်သူက တွေးမိပါ့မည်နည်း။

လျို့ကုန်းမြို့ရှိ ပြည်နယ်တရားသူကြီးမှာ ကြောက်ရွံ့တုန်လှုပ်နေ၏။ စိုးရိမ်အားငယ်စိတ်များပေါ်လာကာ တာဝန်ဝတ္တရားများကို ကန်စွန်းဥပြုတ်ပူပူလေးတစ်ခုကို လွှင့်ပစ်သလိုသာ ပစ်ထုတ်လိုက်ချင်တော့သည်။ သို့သော် သူ့ကိုပို၍စိုးထိတ်စေသည်က မြို့တော်မှလာရောက်မည့် အရေးကြီးဧည့်သည်ကား ပေါင်းသင်းဆက်ဆံရ လုံးဝ မလွယ်ကူပေ။ ယင်းအမှုကိစ္စနှင့်ပတ်သက်၍ သူဘာမှမပြောဆိုနိုင်တော့သော်လည်း အမှုကိုလက်ခံလိုက်ပြီးနောက် စုံစမ်းဖို့ သူ၏လူများကိုပါ ခေါ်ထုတ်လိုက်ရတော့သည်။

တရားရုံးအရာရှိလျို့လင်က ခေါင်းမော့ကာ တဖြည်းဖြည်းလေငြိမ်သက်၍ နှင်းစဲသွားသည်ကို ငေးကြည့်နေ၏။ သူ အသက်ရှူထုတ်လိုက်သည်။

လျို့ကုန်း၏ တရားရုံးအရာရှိဖြစ်သည့်အလျောက် နန်းတွင်းတရားရုံးမှ သူတို့၏မြို့အပြင်ဘက်တွင် ယွီထျန်သံတမန်အသတ်ခံရသည့်အမှုကို စစ်ဆေးရန်အမိန့်ချလာသည့်အခါ တာဝန်ရှောင်လွှဲဖို့ ခက်ခဲသွားသည်။ ထိုကိစ္စကို စေ့စေ့တွေးလေလေ ရေးရေးပင် မပေါ်တော့လေပင် ... မည်သို့သော လူဆိုးဓားပြမျိုးက တခြားတိုင်းပြည်မှ သံတမန်ကို သတ်ရဲလောက်သည်အထိ ရဲတင်းနေမှန်း သူလည်း မတွေးတတ်တော့။ သို့သော်လည်း လျို့ကုန်းတွင် ဤမျှလောက်အတင့်ရဲသော လူဆိုးဓားပြများရှိသည်ဟု သူတစ်ခါမှ မကြားခဲ့ဖူးပေ။ ရန်ရှာရုံသာ ရှာရဲသော ထိုဓားပြများသည် ယခုလို ကိစ္စကြီးမျိုးဖြစ်လာအောင် ဖန်တီး ရဲသည့် သတ္တိရှိကြမည်မဟုတ်။

「ဝူရွှမ်း」တုနှိုင်းမဲ့  Where stories live. Discover now