Dearest Ep _ ( 6 + 7 )

320 27 10
                                    

" လူရှိပါသလားရှင့် "

ခပ်ပြပ်ပြပ်အသံကြောင့် အထိန်းတော်ဆမ်း သိပ်သဘောမကျပေမယ့် လူလာနေတာဆိုတော့ သူတံခါးဖွင့်ပေးသည် ဖွင့်ပေးတော့ ဟိုအကောင်ရဲ့ ညီမပဲ အမလေး ညီမရောအစ်ကိုရောတစ်ပုံစံတည်းပဲ သခင်လေးက ဒီအကောင်ကိုဘာကြည့်ပီးကြိုက်မှန်းကိုမသိဘူး ဒီအကောင်မှာဆိုလို့ ရုပ်ရည်ပဲရှိတယ် ရုပ်ရည်ခံလေးပဲရှိလို့များ အဟက် လာတက်နေတယ်

" ပြော "



" ကောရှိလားဟင် "

သူညီမ ဝမ်ချင်ချင်ဆိုတဲ့ကောင်မလေး ဝတ်ထားတဲ့ပုံကလည်း အကျီအဖြူအပါးကိုဝတ်ထားပီး ဂျင်ဘောင်ဘီအတိုကိုဝတ်ပီး အပေါ်ကျီအမည်းရောင်ကိုဝတ်ထားရင် ဆံပင်ကိုမြင့်မြင့်စီးထားသည် မဆိုးပါဘူး ညီမကလည်း အသာဖွေးပီး လှသားပဲ ဒါပေမယ့် မောင်နှမနှစ်ယောက်စလုံး စိတ်ဓာတ်တွေအောက်တန်းကျတယ် ဘယ်လိုမှသဘောမကျ
ဘူး


" ရှိတယ် ခေါ်ပေးရမလား "



" ရှင်ကခေါ်ပေးမလို့လား အဟက် ရှင်မသိဘူးလား ကျမကောရဲ့အိမ်ကိုကျမလာလို့ရတယ်နော် ကျမကဒီမှာနေပါရှင့် "



" အမလေး အခုခေတ်မိန်းကလေးတွေများ
မိဘကလည်းမဆုံးမပဲနဲ့ သိပ်ကိုရိုင်းစိုင်းတာ "


" ရှင်ဘယ်သူကိုပြောနေတာလဲရှင့် "


သူမကလက်ပိုက်ပီး မာန်ပါပါနဲ့ပြောတော့ အထိန်းတော်ဆမ်းက ထပီ​းပြောသည်


" အမလေး  ငါကနင်ကိုပြောလို့ နင်ကမခံနိုင်ဖြစ်နေတာလားအေ နင်နာမည်များပါလား ငါပြောတဲ့အထဲမှာ နင်နာမည်တစ်လုံးမှမပါဘူး ဝမ်ချင်ချင် "



" ရှင် "



" ညီမလေး "



" ကော "



ဝမ်ချင်ချင် သူအစ်ကို ရိပေါ်ကိုတွေ့တော့ သူအစ်ကိုကိုဖက်လိုက်သည်


" ကော ညီမလေးအခုကစပီး အသက်ရှည်ရှည်နဲ့နေရတော့မယ် "


" ကောင်းတာပေါ့ ညီမလေး ဒီမှာ ခင်ဗျား ကျုပ်ညီမကိုတစ်ခွန်းမှမပြောနဲ့ ဒါကကျုပ်အိမ် ကျုပ်ပိုင်တဲ့နေရာ ကျုပ်ညီမနေချင်သလိုနေမယ် ခင်ဗျားအပူမပါဘူး "


You've reached the end of published parts.

⏰ Last updated: May 01, 2021 ⏰

Add this story to your Library to get notified about new parts!

DearestWhere stories live. Discover now