"ရှင် ......"
"ဟုတ်တယ် ကိုယ်မင်းကိုပိုင်ချင်တယ် ကိုယ်တယောက်တည်းကပဲပိုင်ဆိုင်ချင်တာ ကိုယ့် slave ဖြစ်ပေးနိုင်မလား ကလေး"
သူငါ့ကို ကလေးလို့ခေါ်လိုက်တာလား ချစ်ဖို့ကောင်းလိုက်တာ ဒါမယ့် ငါကသူနဲ့ဖြစ်ပါ့မလား နောက်ပြီးငါ့မှာမရှင်းရသေးတဲ့ ဇာတ်ရှုပ်ကရှိသေးတယ် ဒီလို အတွေးတွေ ကို ဖြိုခွင်းလိုက်တာက ပါးပေါ် ပူခနဲဖြစ်သွားတဲ့ခံစားချက်တခု
"ကိုယ်မေးရင် ပြန်ဖြေလို့ပြောထားပြီးသားထင်တယ် စကားတခွန်းကို နှစ်ခါပြောရတာကိုယ်မကြိုက်ဘူး"
"ဟို ညီမ ကိုအချိန်နည်းနည်းပေးပါ မရှင်းရသေးတဲ့ ဇာတ်ရှုပ်တွေရှိနေသေးလို့ပါ အကို့ ကိုညီမ သဘောကျပါတယ် ပြီးတော့ အကို slave လည်းဖြစ်ချင်ပါတယ် "
"အင်း ဒီရက်ပိုင်းအတွင်းအဖြေပြန်လိုချင်တယ် ကိုယ်ကသိပ်စိတ်ရှည်တဲ့လူစားမဟုတ်ဘူး"
ဒီလူကငါ့ကို ဘယ်လိုသဘောထားနေတာလဲ စိတ်မရှည်လည်း ငါ့လာမကြိုက်နဲ့လေ တကယ်ပါပဲ ဒါမယ့်လည်း သူ့အပြုအမူကို တကယ်သဘောကျသည် သူနဲ့တွေ့ရင် တခုခုရှိန်နေသလိုလို ကြောက်သလိုလိုဖြစ်စမြဲပေ အို ဒါတွေ စဉ်းစားနေလို့မဖြစ် ကိုယ်ရှာထားတဲ့ဇာတ်ရှုပ်ကို ဘယ်ကစရှင်းရမလဲတွေးရမယ်
"ကလေး ဘာတွေတွေးနေတာလဲ ဗိုက်ဆာနေပြီလား"
"ရှင် ဘာမှမတွေးပါဘူး ဟုတ် နည်းနည်းတော့ဆာပြီ"
"ကလေး ကိုယ့်ကိုကြည့် ကိုယ်ကလိမ်တာကို မုန်းတယ် နားလည်လား"
"ဟုတ် ညီမက အဲ ကလေးက ဇာတ်ရှုပ်တွေဘယ်လိုရှင်းရမလဲ စဉ်းစားနေတာပါ"
"သဘောပေါက်လွယ်သားပဲ ထ အရှေ့ကိုသွား"
"ဟင် ဘာလုပ်မလို့လဲဟင်"
"ကလေးကြိုက်တဲ့ မာလာရှမ်းကောဝယ်ကျွေးမလို့လေ ဘာလဲ မစားချင်လို့လား ကလေးက"
"အာ မဟုတ်ဘူး စားမှာစားမှာ"
မာလာရှမ်းကော လို့အသံကြားသည်နဲ့ ပျော်ရွှင်နေသောသူမ ကိုကြည့်ပြီး ပြုံးမိသည် တော်တော်ဖြူစင်တဲ့ကလေးငယ်ဟု ကျွန်တော် တွေးလိုက်မိလေသည်
ကားလေး တရွေ့ရွေ့နဲ့ မောင်းလာရင်း Junction Square car parking မှာ ရပ်လိုက်လေသည်။ သူသည် ကျွန်မတခါတပြောဖူးသည့် "ညီမက chilli pot က မာလာရှမ်းကောကိုအရမ်းကြိုက်တာ" ဟူသောစကားကို မှတ်မိနေသည်ထင်၏ သူကအရမ်းအသေးစိတ်ကိုမှတ်မိတာပဲ တော်လိုက်တာလို့ တွေးမိလိုက်လေသည်
"ဆင်းလေ ကလေး ဘာလဲ ကားပေါ်မှာပဲနေခဲ့မလို့လား"
"အာ မဟုတ်ပါဘူး ဆင်းပြီ"
"ကိုကိုလို့ခေါ်"
"မခေါ်ချင်ပါဘူး ဘာလို့ခေါ်ရမလဲ ကလေးက သူ့ slave အတည်မှမဖြစ်သေးတာ မခေါ်နိုင်ဘူး" ဟုဆိုကာ ဆောင့်အောင့်ပြီး ထွက်သွားမယ်လုပ်တော့
"ကလေး!!!!!"
ထိုခေါ်သံမှာ အတော်ကြောက်ဖို့ကောင်းသည်။ သွားမည်ဟု စိတ်ဘယ်လောက်တင်းတင်း ခန္ဓာကိုယ်ကခွင့်မပြု ကျောက်ရုပ်တရုပ်လို ရပ်နေမိသည်
"ကားထဲပြန်ဝင် မင်းနဲ့စကားတချို့ပြောစရာရှိတယ်"
ဟုဆိုကာ စူးရှတဲ့အကြည့်တခုသာပေးသည်
"ဟုတ်"
"မင်း ကိုယ့် slave အဖြစ်နေချင်တယ်လို့ပြောခဲ့တယ် ဒီလိုအပြုအမူတွေကိုယ်မမြင်ချင်ဘူး ကိုယ့် slave ဖြစ်ချင်ရင်ဒီအချိုးမျိုးနဲ့ဆို မရဘူးနော် ကလေး ကိုယ်စိတ်မတိုခင် ပြင်လိုက်ရင်ကောင်းမယ် ဒီနေ့လည်း ကိုယ်တို့က just play နေမယ်ဆိုပြီးတွေ့တာနော် ကိုယ်အလျော့ပေးပြီး မင်းကို အပြစ်မပေးတာကြောင့်ထပ်ဆိုးမလာနဲ့ကလေး"
"ဟုတ် ကလေး မှားသွားပါတယ်"
ကျွန်မ ဆိုသည်မှာ ဆိုးကြည့်ချင်တယ် စမ်းကြည့်ချင်သည် အမျိုးမျိုးစိတ်ဆိုးအောင် လုပ်ကြည့်ချင်သည် ထို့ကြောင့်လဲ တမင် စတွေ့ကတည်းက ဆိုးပြ ပေပြ မထုံတက်သေး လုပ်နေခြင်းပင်ဖြစ်သည်
"ကောင်းပြီ ကိုယ်အခုစိတ်လျော့လိုကိပြီ မင်းလည်း ဝမ်းနည်းမနေနဲ့တော့ နေ့လည်စာ အေးဆေးသွားကြမယ် ပြန်လာမှ ဒီကိစ္စဆက်ရှင်းမယ် ကြားလား"
"ဟုတ်"
စကားကိုအေးဆေးပြောနေပေမယ့် စိတ်ကိုအတော်ထိန်းရပုံပင် ထို့ကြောင့် ကျွန်မ ထပ်အတွန့်မတက်တော့ပဲ သူပြောသည့်အတိုင်း လုပ်ဖို့ဆုံးဖြတ်လိုက်လေသည်။ ကျွန်မ သူ့အနားမှာနေချင်သည် သူပြောသလို ဒီအချိုးတွေနဲ့ ထွက်သွားဆိုပေမယ့် သူ့ရဲ့ လွှမ်းမိုးမှုတွေကို လိုလားသည် သူ့အကြည့်တွေကို ခုံမင်သည်ထို့ကြောင့် လိမ်လိမ်မာမာနေမယ်လို့ဆုံးဖြတ်ပြီး သူ့အနောက်မှာ ခပ်ခွာခွာသာကပ်ပြီး လျှောက်နေလိုက်သည်။
VOCÊ ESTÁ LENDO
His Property (သူပိုင်သော)
FantasiaThis is real story of my bdsm life. I want to leave memo of this lifestyle. ဒီ Fic က ကိုယ့်အကြောင်းကိုယ်ရေးထားတာပါ bdsm အကြောင်း မသိပဲအပြစ်ပြောမယ်ဆို ဆက်မဖတ်ဖို့နဲ့ အသက်မပြည့်သေးတဲ့သူ မဖတ်ဖို့ တောင်းဆိုပါတယ်။ အမှတ်တရ ဖြစ်ဖို့ရေးတာမလို့ စာသိပ်မရေးတတ်...
