ဟပ်ချိုး ! ဟပ်ချိုး !
အအေးထဲရပ်နေခဲ့တဲ့အကျိုးဆက်ကြောင့် နှာစေးလာပြီထင် ။ နှာခေါင်းတစ်ခုလုံးမွှန်ထူပြီး တရစပ်နှာချေနေမိတဲ့သူ့ကို chanyeolကငုံ့ကြည့်လာပြီး
ပုခုံးနှစ်ဖက်ကနေကိုင်ကာ သူ့ဘက်ကိုဆွဲလှည့်လိုက်တာမို့ ကြောင်တောင်တောင်နဲ့မော့ကြည့်မိလိုက်တော့..."chanyeol shi ဒါဘာလုပ် "
" ငြိမ်ငြိမ်မနေရင် တစ်ခါတည်း ညှစ်သတ်လိုက်မှာနော် "
" အဲ အဲ့လိုတော့မလုပ် ဟပ်ချိုး !!"
" မင်းနှပ်တွေငါ့မျက်နှာလာစင်ကုန်မယ် တိတ်တိတ်နေ "
နှာဖျားလေးတွေရဲပတောင်းခပ်နေတဲ့အပြင် တရစပ်နှာချေသံတွေကြောင့် မနေနိုင်တဲ့အဆုံး ကိုယ့်လည်ပင်းမှာပတ်ထားတဲ့မာဖလာကို ဘေးက သတ္တဝါလေးကိုပတ်ပေးလိုက်တယ် ။
ဒါကို ဒင်းက ပြူးကြောင်ကြောင်နဲ့ ပြန်ကြည့်နေလေရဲ့ ။ လူသေးသေးလေးကိုယ်မှာ အဝတ်တွေမာဖလာတွေနဲ့ အုပ်ပြီးမြုပ်နေပုံက ချစ်စရာကောင်းလွန်းနေပြန်တာပါပဲ။" မင်း ကျေးဇူးတင်စကား ပြောရမယ်ဆိုတာမသိဘူးလား "
" အ ! နှာစီးနေပါတယ်ဆို မညှစ်နဲ့လေ နှပ်ထွက်လာမှာပေါ့ "
ခုထိ သူ့လုပ်ရပ်တွေကို ကြောင်တောင်တောင်လေးကြည့်ပြီး ဘာမှမပြောပဲနေနေလို့ နှာခေါင်းကိုညှစ်ပြီးပြောလိုက်တော့ နှာသံလေးနဲ့ရန်ပြန်တွေ့လာတဲ့သကောင့်သားလေး ။
" နောက်နေ့ အိမ်ကနေ မာဖလာပတ်လာ
ငါ့ဟာကို နောက်တစ်ခါမငှားရစေနဲ့ကြားလား "" ခုလဲမငှားပါဘူးနော် chanyeol shiဘာသာလာပတ်ပေးပြီးတော့ "
" ဒါဆိုပြန်ပေး "
" ဟို အဲ ရောက်ပြီ ထွက်တော့လေ "
ဒီဟာလေးဟာလေ တကယ်ကိုရိုက်သတ်ချင်စရာ ။ နည်းနည်းလေးတော့ဘုလေးတွန်းလိုက်ရမှ ။
ခုလဲပြန်ပေးဆိုတော့ ညာတာပါတေးနဲ့ ဓါတ်လှေကားပွင့်သွားတာကိုအကြောင်းပြပြီးထွက်ပြေးသွားတယ် ။
ညာတာပါတေးလုပ်တာကအကျင့်ကိုဖြစ်နေတာထင်ပါရဲ့ ။
ခုထိသူ့ကိုဖွင့်ပြောထားပြီး အဖြေလဲမတောင်းဘူးလေ။ သူကမသ်ိချင်ယောင်ဆောင်နေတာလားဘာလားမပြောတတ်ပေမယ့် အပြောခံခဲ့ရတဲ့ကျွန်တော်ကတော့ ကျလိကျလိနဲ့ ။